တချိန်ကလတစ်စင်း

ရင်ထဲကိုရောက်လာတယ်
မဖိတ်ခေါ်ပဲနဲ့ပေါ့
ပျော်ရွှင်မှုတွေဖန်ဆင်းပေးခဲ့တယ်
မတောင်းဆိုပဲနဲ့ပေါ့
ဘ၀အဓိပ္ပာယ်ပြည်စုံလာတယ်
ကြိုတင်မသိခဲ့ပဲပေါ့
မျှော်လင့်ချက်တွေသိမ်းထားမိတယ်
ပျောက်ဆုံးသွားမှာကိုမသိလို့ပေါ့
စွန့်ခွာခြင်းနဲ့ကြုံလိုက်ရတယ်
နုတ်မဆက်ပဲနဲ့ပေါ့
လွမ်းဆွတ်တမ်းတနေမိတယ်
သူမသိပေမယ့်ပေါ့
စောင့်မျှော်နေမိတယ်
ပြန်ဆုံမယ့်နေ့ကိုပေါ့
ဒီလိုနဲ့ပဲ…………………….

2 comments:

သိင်္ဂါကျော် said...

ခံစားချက်တွေ တူညီလို့ ကဗျာလေး ကြိုက်တယ်..။

ywartharlay said...

ကျေးဇူးအထူးတင်ပါတယ်ဗျာ...

Post a Comment

Photobucket Photobucket Photobucket