မျှော်လင့်နေတဲ့နေ့ကလေးတစ်နေ့


ယုံအောင်လည်းမပြောတတ်
လွမ်းအောင်လည်းမချွဲတတ်
အချစ်ဆိုတဲ့ သင်ခန်းစာမှာ
အောင်မှတ်ရဖို့ဝေးလို့
သုညဘ၀နဲ့ ရိုးသားစွာနေတတ်ခဲ့သူငါ့ကို
အချစ်အကြောင်းတွေသင်
အကြင်နာအနမ်းတွေပေးပြီး
ရှောင်ပုန်းလို့ပြေးထွက်သူရေ
ခုတော့ ငါ့မှာ
အလွမ်းပညာရပ်ကို တစ်ဖက်ကမ်းခတ်လို့
မင်းပြန်လာမယ့်လမ်းကို
အလွမ်းဂုဏ်ထူးမှတ်နဲ့
အပြုံးမပျက်စောင့်နေပါ့မယ်
ဟိုတစ်ချိန်ကချစ်ရသူရယ်

No comments:

Post a Comment

Photobucket Photobucket Photobucket