တချိန်ကလတစ်စင်း

ရင်ထဲကိုရောက်လာတယ်
မဖိတ်ခေါ်ပဲနဲ့ပေါ့
ပျော်ရွှင်မှုတွေဖန်ဆင်းပေးခဲ့တယ်
မတောင်းဆိုပဲနဲ့ပေါ့
ဘ၀အဓိပ္ပာယ်ပြည်စုံလာတယ်
ကြိုတင်မသိခဲ့ပဲပေါ့
မျှော်လင့်ချက်တွေသိမ်းထားမိတယ်
ပျောက်ဆုံးသွားမှာကိုမသိလို့ပေါ့
စွန့်ခွာခြင်းနဲ့ကြုံလိုက်ရတယ်
နုတ်မဆက်ပဲနဲ့ပေါ့
လွမ်းဆွတ်တမ်းတနေမိတယ်
သူမသိပေမယ့်ပေါ့
စောင့်မျှော်နေမိတယ်
ပြန်ဆုံမယ့်နေ့ကိုပေါ့
ဒီလိုနဲ့ပဲ…………………….

ဘ၀တစ်ခုလုံးစာ


ဆုံးရှုံးခြင်းဆိုတဲ့အရာတွေထဲမှာ
ဘယ်အရာကတန်ဘိုးအကြီးဆုံးလဲ
အသက်၊စည်းစိမ်၊ဂုဏ်သိက္ခာ၊အချစ်
အသက် ဆုံးရှုံးသွားခဲ့ရင်
အရာရာချုပ်ငြိမ်းသွားတယ်လေ
စည်းစိမ်၊ဂုဏ်သိက္ခာ၊အချစ် ဆိုတာတွေက
ရှင်လျှက်နဲ့ဆုံးရှုံးရတာတွေပေါ့..
စည်းစိမ်တွေဆုံးရှုံးတာပြန်ရှာလို့ရတယ်
ဂုဏ်သိက္ခာဆုံးရှုံးတာဖြေရှင်းလို့ရတယ်
အချစ်ဆိုတာကို ဆုံးရှုံးရရင်တော့
ဆုံးရှုံးသူတိုင်းသာလျှင် သိပါတယ်
ရည်းစားဆိုတာ ထောင်ပေါင်းများစွာရှိနိုင်ပါတယ်
အချစ်ဆိုတာကတော့
တစ်ကြိမ်သာလျှင်မွေးဖွားတဲ့
လူသားတစ်ယောက်ရဲ့ အသက်နဲ့ထပ်တူကျတယ်ဆိုတာ
ချစ်ဖူးတဲ့သူတွေသာသိကြမှာပါ

ဖုံးကွယ်မှာလား

လမင်းကြီးကိုတိမ်ကဖုံးလို့
လမင်းကြီးပျောက်ကွယ်သွားမယ်ဆို
လောကရဲ့လမင်း
ဘယ်မှာလင်းလက်နိုင်မှာလဲ
အချစ်ကို ဗျူဟာသုံး
မင်းအချစ်တွေပုန်းကွယ်နေမယ်ဆို
ရင်ထဲမှာတည်နေတဲ့အချစ်
တဆစ်ဆစ်နဲ့နာကျင်ပီး
ဒဏ်ရာကိုမွေးမြူ ဆေးမကူပဲထားသလို
ခံစားချက်တွေပဲပိုများလာတာပေါ့
                      ၁၉.၀၉.၂၀၁၀

ချစ်လိုက်ပုံများ

သွေးတစ်စက်တိုးတိုင်း
ရင်တစ်ချက်ခုန်တယ်
မျက်တောင်တစ်ချက်ခတ်တိုင်း
မျက်လုံးတစ်ခါမှိတ်တယ်
အသက်တစ်ခါရှူတိုင်း
အောက်စီဂျင်တစ်ခါဝင်ရောက်တယ်
ဒီလောက်တိုတောင်းတဲ့ ဖြစ်စဉ်တွေကြားမှာ
မင်းကိုလွမ်းတာ ယူဇနာများစွာခရီးနှင်လို့ရတဲ့
အချိန်ကာလနီးပါးပဲချစ်သူ
                               ၂၀.၀၉.၂၀၁၀(၁၈း၃၀)

အချစ်ရဲ့တန်ခိုး(ကောင်မလေးများအတွက်)

မောင်ရယ်…
အရက်၊ဘီယာ မသောက်ရလို့မတားမြစ်ပါဘူး
ဆေးလိပ်မသောက်ပါနဲ့လို့ မပြောပါဘူး
မိန်းမကိစ္စမလိုက်စားရလို့မပြောပါဘူး
ကုန်ကုန်ပြောရရင်
ဘုရားဟောတရားတွေရယ်
ခရစ်ယာန်သမ္မာကျမ်းစာတွေရယ်
ပညက်တော်၁၀ပါးရယ်
အလာကိုရမ်ကျမ်းရယ်
ဘာကိုမှမလိုက်နာရင်တောင်
ချစ်ကို ရင်ထဲကနှစ်နှစ်ကာကာချစ်ပြီး
သစ္စာရှိလာတဲ့အခါ
ကျန်တာတွေကို မောင်စွန့်လွှတ်လိုက်မယ်လို့ယုံကြည်ပါတယ်
မောင့်ကိုထာဝရချစ်နေမယ့်

နွမ်းကြွေလို့မနေချင်ပါ

တစ်ခါတစ်ရံမှာအချစ်စစ်ကိုရှာဖွေရင်း
အချစ်စစ်ကပေးတဲ့ဒဏ်ခတ်မှုဟာ
ရင်နဲ့မမျှအောင်ခံစားရတတ်တယ်ဆိုတာကို
ကိုယ်တိုင်ကြုံဖူးတော့သိရမှာပါ
အချစ်ဆိုတာကို
စမ်းရေခပ်သလိုလွယ်လွယ်ခပ်မိလေတော့
စမ်းရေမှာနွမ်းကျေစွာမျောနေတဲ့
ပန်းကလေးတွေကိုစာနာတတ်လာတယ်
ဘယ်ပန်းကလေးတွေကများ
ညှိုးနွမ်းချင်မှာလည်းနော်
မတတ်သာလို့နွမ်း မြေလမ်းမှာ
ခြေလှမ်းအောက်ရောက်လေတော့
ဟိုတစ်ချိန်ပင်ယံထက်ကဘ၀ကိုလွမ်းမိမှာပေါ့
လွမ်းနေသော်လည်းနွမ်းကျေလို့မတင့်တဲ့ဘ၀မှာ
စမ်းရေမှာ မျောတာသာ အေးချမ်းပါတယ်လေ


Photobucket Photobucket Photobucket