Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

မလွမ်းရဲလို့လမ်းခွဲသူ


လွမ်းရမှာကြောက်လို့
လမ်းခွကိုရောက်တိုင်း
ငါတစ်ယောက်တည်းရှေ့ဆက်သွား
ငါ့အမှားလို့လူတွေ အမြဲဆို
အကဲပိုလို့ချစ်ခဲ့တုန်းက
ငါ့ယုယမှုတွေ
ငါ့အကြင်နာတွေ
ငါ့မေတ္တာတွေကို
မင်းတစ်ယောက်ပဲသိခဲ့တာလေ......
27.4.2012(1000)

နှလုံးသားအုတ်ဂူ


ပန်းမကြွေ လေမတိုက်
ခေါင်ခိုက်အောင်ပူပြင်း
အလင်းတို့ ဆင်းရဲနေ
အတင်းပဲလေချစ်တယ်ပြော
ငါ့သဘောကိုလွန်ဆန်
နင်မှန်တယ်ဆိုတိုင်းလုပ်တတ်တဲ့အကျင့်
နင့်အတွက် ကောက်တွေ့တဲ့အချစ်တစ်ခု
အခုပဲ သၿဂိၤဳလ္လိုက္ပီ
27.4.2012(1000)

အချစ် နဲ့ နိုင်ငံရေး


လူတစ်ယောက်ကို ချစ်တဲ့အခါမှာ
ဆင်းရဲချမ်းသာဂုဏ်ပကာသနနဲ့
ပညာအရည်အချင်း ရုပ်အဆင်းအတွက်
ဦးနှောက်ဖြင့်သာ စဉ်းစားခဲ့ပါက
သင့်ရဲ့နောက်ကြောင်း ကောင်းလိမ့်မည်မဟုတ်……….
ထို့အတူ---
ငါတို့တွေရဲ့ နိုင်ငံတော်ကို ချစ်တဲ့အခါမှာ
ကိုယ့်ဂုဏ်သိက္ခာ သြဇာတွေနဲ့
စီးပွားအကျိုးအမြတ် တိုးတက်ဖို့အတွက်
ဦးနှောက်ဖြင့်သာ စဉ်းစားခဲ့ပါက
နိုင်ငံ့အရေး နောက်ကြောင်းအေးမည်မဟုတ်………..
သို့ပေသောကြောင့်---
ကိုယ်ကျိုးမဖက် စွန့်လွှတ်အနာခံ
နိုင်ငံအရေး အချစ်ရေးအတွက်
နှလုံးသားကိုရင်း သစ္စာခင်း၍
မေတ္တာပန်းခင်း လျှောက်ကြမယ်......

ဒီမိုကရေစီမြန်မာပြည်


ပြည်သူခက်ခဲ အကြောင်းများရယ်

ရင်ဝယ်စိတ်ထား နှလုံးသားနှင့်

မေတ္တာရှေးရှု လူထုယုံကြည်

စွမ်းအားတည်၍ သမ္မတဆင့်ခေါ်

လွှတ်တော်ဆုံးဖြတ် စည်းဝေးကြလျှက်

အဆုံးသတ်မှသာ တို့နိုင်ငံကြီးတိုးတက်မည်……………

သို့ပေသော်ငြား လူအများက

ဟိုကတစ်ပေါက် ဒီတစ်ယောက်က

ဒီလိုမျိုးဆို ဟိုလိုမျိုးပြော

ကိုယ်ကျိုးကိုယ်သာ ရှေးရှုပါမူ

တိုင်းပြည်အတွင်း ငြိမ်ချမ်းခြင်းတို့

ကင်းစင်ပပျောက် ငရဲဘုံရောက်သို့

ဒုက္ခပွေလီ မြန်ပြည်တလွှား

သွေးများဖုံးလွှမ်းပေဦးမည်……..
၂း၁၅ ၁၃။၅။၂၀၁၃ တဆတရန်ကုန်

သူ့အချစ်ကြောင့်

မင်းနဲ့ငါ

အိမ်နီးချင်းလဲ မဟုတ်ခဲ့

ကျောင်းသွားဖော်လည်းမဟုတ်ခဲ့

စာသင်ခန်းမှာလည်း မဆုံဖူးခဲ့

ကျူရှင်ဆိုလည်း အတူမတက်ခဲ့

Online မှာလဲ မတွေ့ဖူးခဲ့

ဒီခေတ်မှာ ဒီလိုမှမဖြစ်ဘဲ ဘယ်လိုချစ်ခဲ့သလဲ?

၀၉Codeလေး ကြားခံ

အပြန်ပြန်အလှန်လှန် ဖုန်းတွေပြော

ရက်ကလေးအတန်ကြာ မခံသာတဲ့ နှလုံးသားက

ချစ်စကားများ ပွင့်ထွက်သွားခဲ့တယ်…..

သေချာစွာ ပြန်ဆန်းစစ်

ငါချစ်ဖူးတာ အကြိမ်ကြိမ်

ဒီအချိန် ငါ့နှလုံးသား

လှုပ်ရှားမှု မရေရာ

တွေဝေကာ စဉ်းစားမရဖြစ်ခဲ့တယ်…

သို့ပါသော်လည်း ရင်ခွင်ထဲမှာ

ကြည်နူးလှုပ်ရှား ပုံရိပ်များနဲ့

နင့်ကိုမြင်စဉ် ခဏတွင်မှ

ကြည်သာရွှင်ပျ ငါ့စိတ်ကလည်း

ရှေးလူကြီးစကား ကြားယောင်မိတယ်

*ကိုယ်ချစ်ကိုတော့ မရှာနဲ့ကွယ်*တဲ့…..

ကိုယ်ချစ်ကိုမရှာ သူချစ်ပါ၍

သူကရွှင်မြူး ချစ်ရည်လူးကာ

ငါစေရာသွား ငါထားရာနေ

ကြာလေကြာလေ ပိုချစ်မိလေပါ ချစ်သူလေးရယ်…….

ဖြစ်ခွင့်ရှိရင်

ရင်းနှီးမှု ဖန်တီး အချစ်တို့အမြစ်တည်

မေတ္တာရေကြည်သွန်းလောင်း နှလုံးသားစံအိမ်လေးမှာ

ခဏလေးမီးစိမ်းပျောက်ရင် ကမ္ဘာခြားသလောက်

လွမ်းခဲ့ဖူးတယ်…..

ဒါပေမယ့်……..

အိပ်မက်တွေ ဆေးရောင်ခြယ်

စိတ်ကူးတွေကို သံစဉ်ညှိ

အနာဂတ်ကို ထုဆစ်နေချိန်

မင်းတစ်ယောက် ငါ့ရင်ခွင်အောက်က

ပြေးထွက်လို့ပျောက်ဆုံးသွားခဲ့တယ်…..

အမှတ်မထင် ပြန်ဆုံတွေ့

ရင်ခုန်သရွေ့ချစ်နေမယ့်ငါ

ရင်ထဲကအနာ ဘယ်ကိုပျောက်

နင့်ရှေ့မှောက် ခစားချင်နေမိတယ်

နင်ခွင့်ပြုနိုင်မလား……..

ပေးဆပ်ခြင်း

ပင်လယ်ပြင်ကရေငွေ့တွေ

ကမ္ဘာမြေမြစ်ချောင်းတွေက ရေငွေ့တွေ

ပေါင်းစပ်စုဖွဲ့မှသာ

ကောင်းကင်ကနေ မိုးရွာသွန်းနိုင်တာပါ….

ငါ့ရင်ထဲက အချစ်တွေ

ငါ့သွေးကြောတွေထဲက အချစ်တွေ

ပေါင်းစပ်စုဖွဲ့မှသာ

နင့်ရင်ထဲကအချစ်တွေ ရွာသွန်းနိုင်တာပါ…..

ဒီတော့…..

မင်းဆီကို မင်းမသိဘဲရောက်လာတဲ့

ငါ့အချစ်အပိုင်းအစတွေကို

ပုံသွင်းထုဆစ် မင်းရဲ့အချစ်အဖြစ်

ငါ့ဆီရောက်လာခဲ့တာ မင်းသိနိုင်မှာပါ…….

နီးစပ်ခွင့်မရှိနိုင်သော

နေမင်းရဲ့အလင်းရောင်

ကမ္ဘာကိုအကျိုးပြုနိုင်ပေမယ့်

နေနဲ့ ကမ္ဘာ နီးနီးလေးရှိနေလို့မှ

မဖြစ်နိုင်တာ…..

လမင်းရဲ့အလင်းရောင်

ပင်လယ်ရေကို လှုပ်ခတ်နိုင်ပေမယ့်

ပင်လယ်ထဲမှာ လမင်းကြီးဖွက်ထားလို့မှ

မဖြစ်နိုင်တာ….

နင်နဲ့ငါ အရမ်းကြီးချစ်ခဲ့ပေမယ့်

မပြေလည်နိုင်တဲ့ ပြဿနာတွေကြောင့်

နီးစပ်ဖို့မှ မဖြစ်နိုင်တာ…..

ရင်ခုန်သံ သိမ်းဆည်း

ပြီးဆုံးသွားတဲ့ ကဗျာတစ်ပုဒ်ကို

ကာရန်တွေ ထပ်မဖြည့်တော့ဖူး ချစ်သူရယ်….

ယုံကြည်စွာမျှော်လင့်ခဲ့သူ

နင့်ဘက်က မသေချာဘဲ

နင်ပေးတဲ့ ဂတိတွေကို

ယုံစားမိလို့ ခုန်သွားတဲ့ ငါ့ရင်ခွင်မှာ

တုန်သွားတဲ့ ငါ့နှလုံးသားအား

နင်သနားသဖြင့် ခွဲစိတ်ပစ်ဖို့ စိတ်မကူးလိုက်ပါနဲ့….

Only One

ခဲဖျက်လည်း သုံးခဲ့တယ်

မှင်ဖျက်ဆေးလည်းသုံးခဲ့တယ်

နာရီကိုလည်း သုံးခဲ့တယ်

မေ့ပစ်ဖို့လည်း ကြိုးစားခဲ့တယ်…

ခဲဖျက်တွေကုန်

မှင်ဖျက်ဆေးမလောက်

နာရီလည်းနောက်ဆုတ်မရ

မေ့ပစ်ဖို့ကခက်ခဲ

ဒီအတိတ်တွေထဲမှာ ကျန်ခဲ့သမျှ

ဘယ်တော့မှများ ပြည်ဖုံးကားချနိုင်မှာလဲ

ဖြစ်နိုင်ရင် တစ်ခါလောက်တော့ ခွင့်ပြုစေချင်တယ်

ငါ့ကိုယ်ဝန်အရင့်အမာနဲ့ အမေကမွေးဖွားခဲ့တဲ့အချိန်ကိုလေ…

အခုတော့…..

အတိတ်မှာထားခဲ့ဖူးသမျှ ချစ်သူတွေ

သူတို့အပေါ်မှာ မှားခဲ့သမျှ အပြစ်တွေ

ငါ့ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ အရိပ်မည်းတွေ ဖြစ်နေသလိုပါလား….

တကယ်လို့သာ နောက်ဘ၀မှာလူဖြစ်ခဲ့ရင် ……

တစ်ယောက်တည်းကိုသာချစ်

ချစ်သောသူတစ်ယောက်ကိုသာ ပိုင်ဆိုင်ရပါလို၏…..

*(ချစ်ရတဲ့ချစ်သူကလဲ ကိုယ်တစ်ယောက်ကိုပဲ တန်ဘိုးထားနိုင်ပါစေ)*

အခုတော့လည်း ငါ

ပြန်ပြီးတော့လည်း မဆုံနိုင်

ဆုံနိုင်တော့လည်း ဘ၀တွေခြား

ငါ့အနားမှာ နင်မရှိနိုင်

နင့်အနားမှာ ငါမနေနိုင်

ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့

ဘ၀ဆိုတာကို ငါတစ်ယောက်တည်း……

ချစ်ခဲ့ကြတဲ့ ခဏတာ

ဘ၀မှာပျော်စရာ အပြည့်

ငါမေ့နေတဲ့ ဒီလောက

အခုမှ ဒုက္ခတွေများ

နင့်အနားပြေးလာခဲ့ချင်ပေမယ့်

ဘ၀ဆိုတာကို ငါတစ်ယောက်တည်း………….

ချစ်သူတမ်းတ လွမ်းသမျှပြေစေ....

ရင်ခုန်သံတိုးတိုးကို ရိုးရိုးလေးဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့်

နင့်အတွက်နဲ့ အမြဲလှုပ်ခတ်နေတတ်တဲ့အတွက်

အသဲလှူပ်မတတ်ချစ်နေတာကို နင်သိဖို့ကောင်းပါတယ်...

လွမ်းသမျှကို တမ်းတငိုနေလို့

မင်းငါ့အနားလာမှာမဟုတ်ဖူးဆိုတာ သိပေမယ့်

အလွမ်းကို ကော်ဖီလိုတစ်ကျိုက်ချင်းမျိုချလို့ နင့်ကိုလွမ်းနေခဲ့ဖူးတယ်...

ပုခုံးလေးကိုဖက် အပြုံးလေးကိုမပျက်အောင်

ဘေးအနားမှာ ဖေးမကြင်နာချင်ပေမယ့်

တနယ်စီကဝေး အပြေးလာလို့မရောက်လေတော့

တွေးသမျှတွေလဲ သဲထဲရေသွန်ဖြစ်ခဲ့ရတယ်....

တကယ်တော့ နင့်အတွက် အချစ်ဆိုတာကို

စိတ်ကူးယဉ်ရုံနဲ့ ပီတိဖြာပြီး ၀မ်းတွေသာနေလို့မှမပြီးတာ...

နင့်အနားကို အခုပဲလာမယ်ချစ်သူရယ်

၅.၇.၂၀၁၁ (ရုရှား)၁၆း၃၃


အတိတ်မှ.........

ပျော်ရွှင်ခဲ့ဖူးတယ်
မခွဲနိုင်လောက်အောင်ကို စွဲလန်းခဲ့ကြတယ်
ဝေးရမယ်ဆိုတာကို
ဘယ်ကနေမှ အစပေါ်မလာဘူးလို့
ယုံကြည် ထားခဲ့တယ်
အသံလေးပျောက်သွားရင်
အစိမ်းရောင်လေး အနက်ရောင်ပြောင်းသွားရင်
ဝေးကြရပြီလား စိုးထိတ်ခဲ့ဖူးတယ်
တကယ်ပါပဲ
မမျှော်လင့်ပဲဝေးခဲ့ရတယ်
ချစ်သူတွေများတဲ့ မင်းကိုလဲ အပြစ်ရှိတယ်မထင်မိပါ
မင်းကချစ်စရာကောင်းနေလို့ ငါတောင်ချစ်ခဲ့မိ သွားတာကို
ငါမှားတာလား? ??
နိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ငါလည်းမှားမယ်မထင်ဘူးနော်
ငါ့မှာ ချစ်ခွင့်ရှိတာပဲလေ
မင်းသိမှာပါ….
ငါဆိုတဲ့ကောင် အချစ်ကို ဘယ်လောက်တန်ဘိုးထားလဲဆိုတာကို
မင်းမသိတော့လည်း

နဒီအလွမ်း

လွမ်းမိတာကို ကဗျာရေးတော့လည်းမမှီတယ်
ယောကျာ်းတန်မဲ့ကျတဲ့မျက်ရည်ကိုလည်း မနှမြောမိပါကွယ်
တိုက်ဆိုင်မှုတွေက နေရာတိုင်းမှာရှိနေလေသလား
ရှိနေမယ်ဆိုလည်း ငါနေတာမြန်မာပြည်မှာမဟုတ်ရပါဘူးကွယ်
မင်းနဲ့အတူနေခဲ့တဲ့ မြန်မာကို ပြန်မလာချင်အောင်ကို လွမ်းမိပါတယ်
မင်းနဲ့ပြန်မဆုံတော့ရင်ပေါ့
သီချင်းတွေကိုနားထောင်တိုင်းလည်းလွမ်းမိပါတယ်
ဇာတ်လမ်းတွေကိုကြည့်မိတိုင်းလည်း လွမ်းမိပါတယ်
အရာရာတိုင်းကို မင်းနဲ့အတူရှိစဉ်ကလိုတွေးမိနေတဲ့စိတ်ကိုက
ငါ့အလွမ်းတွေကိုမသေအောင်မွေးပေးတဲ့ မသေဆေးတစ်ခွက်ပါ
လူတွေကပြောတယ် အရက်တွေမူးရင် အရာရာကိုမေ့သွားတယ်တဲ့
များများသောက်ရင်များများမေ့တယ်တဲ့ ဟဟ
ငါမေ့သွားမိတယ်ဆိုရင်လည်း ခဏလေးပါပဲ
ငါမေ့ပါစေတော့ဆိုတဲ့ စိတ်နဲ့သောက်လိုက်တဲ့အရက်
ကြာလာတော့ ငါ့ကိုအရက်ကမနိုင်ပဲ ငါကအရက်ကိုအနိုင်ယူပြီး
မင်းကိုပဲလွမ်းတတ်နေဆဲပါကွယ်

မင်းရဲ့စိတ်နဲ့ ရူး

ဝေလေလေတစ်ယောက်ထဲ
တွေးနေဆဲမင်းရဲ့အကြောင်း
ငေးနေဆဲယောင်ချာချာ
အဖော်ရယ်မပါတစ်ယောက်တည်း
သွားလေသမျှလမ်းတွေမှာလည်း
မင်းအကြောင်းပဲတွေးနေမိတယ်
ညည်းလေသမျှတေးတွေမှာလည်း
မင်းအကြောင်းကိုပိုလွမ်းမိတယ်
ရေးလေသမျှကဗျာတွေကလည်း
မင်းအလှတွေဖော်ကျူးမိတယ်
ငါလေ…
ကြာလာရင် မင်းရဲ့စိတ်နဲ့ ရူးရလိမ့်မယ်



အလွမ်းဇာတ်ရဲ့ပင်တိုင်စံ

မချစ်ဖူးလို့ အားတင်းထားလဲ.... အလွမ်းများဘဲ ရင်ထဲတိုးလာ
မိုးရွာတိုင်း သတိရ... ကြည့်မရအောင် မုန်းချင်ပေမယ့် ....
အသုံးမ၀င်တဲ့ နှလုံးသား အမုန်းများကိုတော့ မယူ..
ပူတယ်လို့မထင်သော ရင်ထဲကအချစ်တွေ...
နင်နဲ့ငါ့ရဲ့ မသေနိုင်တဲ့ အမှတ်တရတွေကို ထွေးပွေ့ရင်းက....
အိပ်မက်တိုင်းမှာ ခြေရာထပ်
င့ါမနက်တိုင်းမှာ ရှတစွာမျှော်လင့်မိတဲ့ နင့် အနမ်း...
လမ်းတ၀က်မှာ ကမ်းကပ်လို့ အလွမ်းဇာတ်ကို ငါကပြနေရပါဘီ....

ချစ်မိပါသောကြောင့်…..

မဆုံနိုင်မှန်းသိနေလို့
ငါ့နုတ်ပိတ်ခဲ့ပေမယ့်
ခံစားချက်တွေအများကြီးကို
ထိန်းချုပ်ထားရတဲ့
ငါ့နှလုံးသားက
ခွန်အားတွေအဖြစ်
ငါ့နုတ်ဖျားတွေကို ဖန်ဆင်းပေးခဲ့တယ်
ဒီတော့ ငါမင်းကိုချစ်တဲ့အချစ်တွေ
မင်းမြင်ခွင့်ရသွားတာပေါ့


အခုတော့...ငါ့မှာ
ဘ၀ဆိုတာ မသိ
နှလုံးသားဆိုတာ မရှိ
အသက်ဆိုတာတွေထိ မင်းကိုပေးခဲ့ပြီ
ကဲ…ဘာကျန်သေးလဲပြော
မင်းကိုပေးဖို့အတွက်…
မင်းကတော့ တောင်းဆိုမှာပေါ့
မင်းအပေါ်မှာထားတဲ့ ငါ့ခံစားချက်
မင်းအကြောင်းပဲတွေးနေတတ်တဲ့ ငါ့ရဲ့စိတ်
မင်းကိုချစ်တဲ့ ငါ့အချစ်
မလုပ်လိုက်ပါနဲ့ ကောင်မလေးရယ်
ငါ့ရဲ့နောက်ဆုံး ဒီကမ္ဘာကြီးမဟုတ်တဲ့နေရာထိ
ငါယူဆောင်သွားမယ့် ငါ့ရဲ့မြတ်နိုးစရာတွေပါ
မင်းကိုချစ်လွန်းလို့ သိမ်းထားမိတာပါ

ပထမအချစ်နဲ့နောက်ဆုံးအချစ်?

မချစ်ဘူးလို့များထင်နေသလား
ဝေးမှာစိုးလို့ပါ
အသဲကွဲထားဖူးမှတော့
နောက်ထပ်ကွဲလည်းမထူးပါဘူး
ဒါပေမယ့်
ခုချိန်မှာ အမြစ်တွယ်သွားတဲ့
ငါ့သံယောဇဉ်တွေက
အချစ်မဟုတ်ရင်တောင်
လမ်းမခွဲလိုပါဘူး
မင်းလောက်နားလည်ပေးတဲ့သူကို
ငါမချစ်တာမဟုတ်ပါဘူး
ပထမအချစ်ကပထမဖြစ်နေမိတာပါ
အားတော့နာပါရဲ့ မင်းကိုအမှန်အတိုင်းပြောမိတယ်လေ
ငါတစ်ခုတော့ဆုတောင်းပါတယ်
မင်းအတွက်ပထမအချစ်က ငါပဲဖြစ်ပါရစေလို့

တချိန်ကလတစ်စင်း

ရင်ထဲကိုရောက်လာတယ်
မဖိတ်ခေါ်ပဲနဲ့ပေါ့
ပျော်ရွှင်မှုတွေဖန်ဆင်းပေးခဲ့တယ်
မတောင်းဆိုပဲနဲ့ပေါ့
ဘ၀အဓိပ္ပာယ်ပြည်စုံလာတယ်
ကြိုတင်မသိခဲ့ပဲပေါ့
မျှော်လင့်ချက်တွေသိမ်းထားမိတယ်
ပျောက်ဆုံးသွားမှာကိုမသိလို့ပေါ့
စွန့်ခွာခြင်းနဲ့ကြုံလိုက်ရတယ်
နုတ်မဆက်ပဲနဲ့ပေါ့
လွမ်းဆွတ်တမ်းတနေမိတယ်
သူမသိပေမယ့်ပေါ့
စောင့်မျှော်နေမိတယ်
ပြန်ဆုံမယ့်နေ့ကိုပေါ့
ဒီလိုနဲ့ပဲ…………………….

Photobucket Photobucket