ဒီရင်ကချစ်ခဲ့သူ

အလွမ်းတွေကိုရှင်းပြရအောင်
ခင်းထားတဲ့လမ်းကလဲမချောမွေ့လေတော့
မင်းပေးသမျှ
ဒဏ်ရာတွေကိုထွေးပွေ့ရင်း
တိတ်တိတ်လေးလွမ်းနေခွင့်ပေးပါချစ်သူ
အချစ်ကိုအသက်နဲ့ထပ်တူ
သက်သေပြချင်ပေမယ့်လဲ
ကံတရားကခွင့်မပြုလေတော့
တိတ်တိတ်လေးချစ်နေခွင့်တော့ပေးပါချစ်သူ
ဝေဒနာကိုဖြေသာအောင်
နေရာတကာမှာ
ကြေငြာမှာလဲရှက်ပါတယ်
ဒါပေမယ့်ပေါ့လေ
ရင်မှာဖြစ်လာဒီဝေဒနာကို
ကဗျာလို့ဖန်ဆင်း
နူးညံ့ခြင်းနဲ့ဖြေသိမ့်ပြီး
ဘ၀ကိုအထီးကျန်စွာဆက်လက်ဖြတ်သန်းပါရစေချစ်သူ….

No comments:

Post a Comment

Photobucket Photobucket Photobucket