မွေးနေ့မှာပေးတဲ့လက်ဆောင်

 မွေးနေ့မှာပြေးတွေ့ချင်တာက
မင်းရဲ့မျက်နှာလေးပါ
နီးနီးလေးရယ်ပါ
မင်းလက်ပြနုတ်ဆက်မယ်ဆိုရင်လဲ
ငါကျေနပ်နေမိမှာပါ..
မင်းငါ့ကို ရက်စက်တော့မှာလား
အနီးဆုံးနီးနေတာကိုတောင် တွေ့ခွင့်မရဘဲမင်းနဲ့ငါ
အလွမ်းတွေနဲ့ အသက်ဆက်ရှင်နေရမှာလား
                                      
ငါ့မှာကွဲစရာအသဲမရှိတော့ဘူး
မင်းလက်ထဲရောက်နေတဲ့ငါ့အသဲ
မင်းမကျေနပ်ရင် အခါခါထပ်ခွဲလို့ရသေးတယ်
မင်းဘ၀အတွက် ငါပေးနိုင်တာ
ငါမင်းကိုချစ်မိနေတဲ့ ငါ့အသဲနှလုံးပဲ
ထားပါနားပါသွားပါ စေရာကိုခိုင်း
ကြာလာတော့ မင်းအမိန့်မပါဘဲ
အလိုက်တသိနဲ့လုပ်ပေးတတ်ခဲ့ဘီ

ဒီလိုအချိန်ကျမှ ငါ့ဘဝ
ချောင်းစပ်ကသစ်ပင်လို
ရေစုန်မှာမျောပေတော့လို့
မင်းသဘောထားရက်တယ်
ငါမနာကျင်ပါဘူး ကြေကွဲနေမယ်    
၂၅.၈.၂၀၁၀မနက်  ၁း၂၃ AM

No comments:

Post a Comment

Photobucket Photobucket Photobucket