တန်ဘိုး

ကလေးတို့အရွယ် ငယ်စဉ်အခါက
ပျော်မယ်ပါးမယ်ကစားမယ်
အရုပ်ကလေး ကစားစရာလေးရတယ်ဆိုရင်
တန်ဘိုးထားကစားတတ်ကြသူရှိသလို
တန်ဘိုးမထား ဖြစ်သလိုကစားတတ်တဲ့သူလည်းရှိပါတယ်
အရွယ်ရောက်လာတော့
စိတ်တွေပြောင်းလဲလာကြတယ်
ချစ်သူဆိုတာရလာကြတယ်
တန်ဘိုးထားချစ်တတ်သူရှိသလို
တန်ဘိုးမထား ကစားစရာလိုထားတတ်သူတွေလည်းရှိတာပဲ
လူတွေအတွက် အဓိက က
ကိုယ့်ဆီမှာရှိနေတဲ့အရာဝတ္ထုဖြစ်စေ ချစ်သူဖြစ်စေ
တန်ဘိုးထားစေချင်တယ်
သူတို့ရဲ့တန်ဘိုးဆိုတာဟာ
တန်ဘိုးထားတတ်သူအပေါ်မှာပဲမူတည်နေပါတယ်
အရာရာတိုင်းရဲု့တန်ဘိုးကိုနားလည်နိုင်ပါစေ……

No comments:

Post a Comment

Photobucket Photobucket Photobucket