အရက်ပြတ်ခဲ့တဲ့ည(သို့) အလွမ်းနက်ခဲ့တဲ့ည


အိပ်မပျော်တော့မင်းကိုသတိရတယ်
အိပ်ပျော်တော့လဲ အိပ်မက်မှာဆုံတွေ့ရတယ်
စိတ်ကူးနဲ့ရူးပြီးတော့သာ လူတွေသေကြမယ်ဆို
မင်းကိုချစ်လွန်းလို့ ငါဟာ
ဝိညာဉ်တစ်ကောင်အဖြစ် ဆက်ချစ်နေမှာပါ
မင်းနဲ့အတူရှိနေတုန်းကလဲ
ပတ်ဝန်းကျင်ဆိုတာကိုမေ့ထား
မင်းအနားအရိပ်ကလေးတခုလို ရှိနေခဲ့တာပါ
မင်းနဲ့ခွဲခွာရတဲ့ အခိုက်အတန့်လေးမှာလဲ
လွမ်းတဲ့စိတ်နဲ့ လူနာတစ်ယောက်ပမာ
ကုတင်ပေါ်မှာ ခွေခေါက်နေရရင်း
မင်းဆီကဖုန်းခေါ်လာမှာကို မျှော်လင့်နေမိတယ်
ကောင်မလေးရေ
မင်းကိုဒီလောက်လွမ်းရမလားဆိုပြီး
အပြစ်တွေမြင် မချစ်ချင်တော့ရင်လဲ
ငါ့ရင်ခွင်မှာ ဒဏ်ရာတွေပဲ ကျန်တော့မယ်
ဒဏ်ရာတွေထဲမှာ အချစ်ကြောင့်ရတဲ့ဒဏ်ရာက
ဆေးဝါးမပေါ်သေးတာ
ချစ်သူ ကောင်မလေးသိနေမယ်ဆို
ကို့ကို မရက်စက်လိုက်ပါနဲ့

                                               ၁၇.၈.၂၀၁၀  ၈း၁၅မနက်

No comments:

Post a Comment

Photobucket Photobucket Photobucket