ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်

ငါ့ရဲ့အိပ်မက်လှလှတွေဖြစ်ထွန်းရာ
ညအမှောင်ကမ္ဘာကို
အလင်းရောင်တွေပေးပြီးကာမှ
လက်ပြလို့နုတ်မဆက်
ရုတ်တရက်ဘယ်ကိုများရောက်သွားသလဲကွယ်
ပျားရည်လိုချိုမြနေတဲ့မင်းရဲ့စကားသံ
တေးသွားငြိမ့်ငြိမ့်လေးအလား မင်းရဲ့ရယ်သံ
ဝိုင်လိုပြင်းရှနေတဲ့ မင်းရဲ့ညှို့ငင်မှု
ယမကာလိုမူးရစ်စေတဲ့မင်းရဲ့အလှ
စွဲလန်းစွာရူးသွပ်ပြီး
မျှော်လင့်ချက်တွေနဲ့ရှင်သန်နေတဲ့အချိန်မှ
ငါ့ရဲ့အနာဂတ်ကိုေ၀၀ါးသွားရစေသလားအချစ်ရယ်
အချိန်တန်ရင်ငှက်ကလေးတွေတောင်
အိမ်ပြန်ကြတယ်ချစ်သူ
ကိုလည်း မင်းပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့
ဆက်လက်လို့အသက်ရှင်နေရတော့တာပေါ့

No comments:

Post a Comment

Photobucket Photobucket Photobucket