ရှင်သန်ခွင့်

ချစ်သူတွေလိုပါဘဲ
ညစဉ်ပြောခဲ့ကြတဲ့စကားတွေ မကုန်နိုင်အောင်ပါဘဲ
ကျေးဇူးပါ ဂရေဟမ်ဘဲလ်ရယ်
အိပ်ရေးပျက်ညတွေကို ချစ်ရသူနဲ့ကျော်ဖြတ်ရတာဟာ
သိန်းဆုကြီးတွေပေါက်တာ
ငွေထုပ်ကြီးကောက်တွေ့တာ
ကုန်ကုန်ပြောရရင်
နတ်ပြည်ကိုပန်းရထားနဲ့တက်ပါဆိုတဲ့
ခံစားခွင့်တွေကိုတောင်ငြင်းပယ်နိုင်ပါတယ်
တို့တွေအိပ်ပျော်သွားတာတောင်
တယ်လီဖုန်းလေးမအိပ်ရတဲ့အထိ အနီးဆုံးမှာရှိခဲ့ဖူးတယ်နော်
တစ်ရေးနိုးလည်းစကားတွေက မကုန်အောင်ပြောဖြစ်ခဲ့ကြတယ်လေ
မင်းနဲ့သာဆို မကုန်နိုင်နဲ့အချစ်စကားတွေ
မစိုက်ပျိုးပဲ ရှင်သန်နေဆဲပါ
လွမ်းမိပါတယ်ချစ်သူရယ်
ဘယ်ဆီကိုမင်းရောက်နေလဲ
ဘယ်သူနဲ့မင်းရှိနေလဲ
ဘာတွေဘယ်လိုဖြစ်နေနေ
ပြန်ဆုံချိန်တစ်ခုပိုင်ဆိုင်ခဲ့ရင်
ကံတရားကမျက်နှာသာပေးခဲ့ရင်
မင်း ဘယ်ဘ၀ရောက်ရောက်
ဘယ်အခြေအနေမှာဘဲရှိနေနေ
ခိုလှုံခဲ့ဖူးတဲ့ရင်ခွင် လန်းဝေခဲ့ဖူးတဲ့ အနမ်းတွေကို
သတိရပေးပါ….
အတူနေချိန်တွေကို ပြန်လည်ရှင်သန်ခွင့်ရနိုင်ပါစေ
ဒီဘ၀မှာတော့ ငါဟာ မင်းတစ်ယောက်အတွက်သာ
မျှော်လင့်ချက်များနဲ့ရှင်သန်နေသူပါ………

No comments:

Post a Comment

Photobucket Photobucket Photobucket