နွမ်းကြွေလို့မနေချင်ပါ

တစ်ခါတစ်ရံမှာအချစ်စစ်ကိုရှာဖွေရင်း
အချစ်စစ်ကပေးတဲ့ဒဏ်ခတ်မှုဟာ
ရင်နဲ့မမျှအောင်ခံစားရတတ်တယ်ဆိုတာကို
ကိုယ်တိုင်ကြုံဖူးတော့သိရမှာပါ
အချစ်ဆိုတာကို
စမ်းရေခပ်သလိုလွယ်လွယ်ခပ်မိလေတော့
စမ်းရေမှာနွမ်းကျေစွာမျောနေတဲ့
ပန်းကလေးတွေကိုစာနာတတ်လာတယ်
ဘယ်ပန်းကလေးတွေကများ
ညှိုးနွမ်းချင်မှာလည်းနော်
မတတ်သာလို့နွမ်း မြေလမ်းမှာ
ခြေလှမ်းအောက်ရောက်လေတော့
ဟိုတစ်ချိန်ပင်ယံထက်ကဘ၀ကိုလွမ်းမိမှာပေါ့
လွမ်းနေသော်လည်းနွမ်းကျေလို့မတင့်တဲ့ဘ၀မှာ
စမ်းရေမှာ မျောတာသာ အေးချမ်းပါတယ်လေ


No comments:

Post a Comment

Photobucket Photobucket Photobucket