ပထမအချစ်နဲ့နောက်ဆုံးအချစ်?

မချစ်ဘူးလို့များထင်နေသလား
ဝေးမှာစိုးလို့ပါ
အသဲကွဲထားဖူးမှတော့
နောက်ထပ်ကွဲလည်းမထူးပါဘူး
ဒါပေမယ့်
ခုချိန်မှာ အမြစ်တွယ်သွားတဲ့
ငါ့သံယောဇဉ်တွေက
အချစ်မဟုတ်ရင်တောင်
လမ်းမခွဲလိုပါဘူး
မင်းလောက်နားလည်ပေးတဲ့သူကို
ငါမချစ်တာမဟုတ်ပါဘူး
ပထမအချစ်ကပထမဖြစ်နေမိတာပါ
အားတော့နာပါရဲ့ မင်းကိုအမှန်အတိုင်းပြောမိတယ်လေ
ငါတစ်ခုတော့ဆုတောင်းပါတယ်
မင်းအတွက်ပထမအချစ်က ငါပဲဖြစ်ပါရစေလို့

No comments:

Post a Comment

Photobucket Photobucket Photobucket