နင်ကတော့

ရက်တွေကိုလက်ချိုး အချိန်တွေ ဒီရေတိုးသလို
ပြန်ဖို့ကတစ်ရက်နီး တစ်သက်မနီးတော့မယ့် တို့နှစ်ယောက်
မင်းတစ်ပေါက် ငါတစ်ပေါက် ငြင်းခုန်ရင်း
တစစနဲ့ အမုန်းပွား ငါ့အမှားတွေလို့သတ်မှတ်
မရက်စက်ပါနဲ့တောင်းပန်လဲ အဆင်မပြေ
ရင်မှာလေ သောကတွေနဲ့
ခရီးအဝေးကို ထွက်သွားတော့မယ့် ငါ……
နင်ကတော့ အခုထိ အရွဲ့တိုက်ကောင်းနေဆဲ…….

ဟန်ဆောင်လို့ ကြိတ်မှိတ်ပြုံး ၀ရုန်းသုန်းကားငါ့ရင်ခွင်
နင့်ကိုလေ မမြင်စေပဲ နင်ပျော်တာလေးကိုငေး
အဝေးကနေလက်ပြ တစ်ချက်မှကို မညီးညူ
ဇီးဖြူဖန်ခါးဆို ငုံထားမတတ်ချစ်တဲ့ငါ
နှလုံးသားကနာ အမုန်းများကမပါတဲ့ ငါ….
နင့်ကတော့ အခုထိ အရွဲ့တိုက်ကောင်းနေဆဲ………

 
အမှတ်တရဆို သတိရ သွားသမျှနေရာတိုင်းလွမ်း
တမ်းတတိုင်းမျက်ရည်လည် ရက်တွေရယ်ဘယ်လိုပြောင်း
မင်းအကြောင်းအမြဲတွေး တဖြေးဖြေး ရူးတော့မယ်
မင်းကတော့ ပျော်ရွှင်မြူး နောက်တစ်ဦးကို လက်မှာချိတ်
ငယ်ထိပ်ကို မိုးကြိုထိသလို နှလုံးသားလဲအပိုင်းပိုင်း
အတိတ်တိုင်းကို တမ်းတနေတတ်တဲ့ ငါ….
နင်ကတော့ အခုထိ အရွဲ့တိုက်ကောင်းနေဆဲ……… ၁၄း၀၅ ရုရှား

2 comments:

အလင်းသစ် said...

နင်ကတော့ အခုထိအရွဲ့တိုက်ကောင်းနေဆဲပဲနော်။။။

အသည်းကွဲလိပ်ပြာ said...

မင်းအကြောင်းအမြဲတွေးတဖြေးဖြေးရူးတော့မယ်
နင်ကတော့အရွဲ့တိုက်ကောင်းဆဲဘဲ.....

Post a Comment

Photobucket Photobucket Photobucket