မေမေ သားမမွေးခင် ကိုယ်ဝန်ဆောင်စဉ်ကတည်းက
ချိုချဉ်ဖန်ခါး အစပ်များကို ရှောင်ရှားခဲ့တဲ့ မေမေ
သားလေးလား သမီးလေးလား မသိခင်ကတည်းက
မေမေစားချင်တာကိုမစား
ငါ့ရင်သွေးများ တစ်ခုခုဖြစ်သွားမလား
စိုးရိမ်ပူပန်တတ်ခဲ့တဲ့ မေမေ
ကိုးလလွယ်လို့ ဆယ်လဖွား
သင်္ချိုင်းကို ခြေတဖက်ချလို့
သားဘ၀ကို စတင်ထူထောင်ပေးခဲ့တာ
သားချစ်တဲ့မေမေ ပါ
လူရယ်လို့ ဖြစ်ကာစ သားဘ၀မှာ
ကျင်ကြီးကျင်ငယ် မသိတတ်
မေမေ ပတ်ထားတဲ့ အနှီးထက်မှာ
သားစွန့်ပစ်ခဲ့ပေမယ့်
သားကိုချစ်တဲ့ဇောနဲ့ မရွံရှာတတ်ခဲ့တဲ့
သားချစ်တဲ့မေမေ ပါ
နေ့ဘက်မရှောင် ညဘက်မသိ
တအိအိငိုနေတဲ့သားကို
အိပ်ရေးတွေပျက် အစားတွေချိန်မမှန်
ပုခက်ကိုဆွဲ လက်ကလေးလွှဲလို့
အိပ်ပျော်စေခဲ့တာ
သားချစ်တဲ့မေမေ ပါ
ငိုဖို့ကလွဲလို့ မသိသေးတဲ့သားလေးကို
ဖေဖေ မေမေ ကိုကို မမ ခေါ်တတ်စေဖို့
စိတ်လက်ရှည်စွာ သင်ကြားပေးခဲ့တဲ့
သားရဲ့လက်ဦးဆရာ မေမေ
ကောင်းဆိုးနှစ်ဖြာ လူ့သံသရာကို
ရင်ဆိုင်ဖြတ်သန်း မမောပန်းအောင်
ညွှန်ကြားပြသ ဆုံးမခဲ့တဲ့မေမေ
ဘ၀တစ်လျှောက်လုံး အပြုံများနဲ့
သားကိုအားပေးနေခဲ့တဲ့မေမေ
အရာရာအတွက် သားရှေ့ကရပ်တည်ခဲ့တဲ့
သားချစ်တဲ့မေမေပါ
ဇရာတွေထောင်း ရာသီတွေပြောင်းပေမယ့်
မဟောင်းပဲချစ်ခဲ့တဲ့မေမေ
အခုတော့
သားတစ်ယောက်ကိုစိတ်ချ
လက်ပြလို့နုတ်မဆက်ပဲ
လမ်းခွဲလို့သွားခဲ့ပြီလား
သားချစ်တဲ့မေမေရယ်
(မိခင်ကို ချစ်သော သားကောင်းရတနာများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
၇.၇.၂၀၁၀ မှာဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော Ko Blade (PDW)၏
မိခင်ကြီး ဒေါ်သဇင်ရီ အသက်(၅၅)အား ဂုဏ်ပြုရေးစပ်ပါသည်)
ကိုနေ(ywartharlay.pdw)
မန္တလေး ငလျင် ကယ်ဆယ်ရေး သွားမယ့် ထွန်းကိုကို
3 days ago
2 comments:
အိမ်ပြန်ချင်လယ်........:P:P
ကဗျာလေးခံစားအားပေးသါားတယ် ရွာသားလေးရေ...
ကောင်းသောနေ့လေးဖြစ်ပါစေ။
ပြန်ရတော့မှာလေ... သိပ်မလိုတော့ဖူး... ခိခိ... လိုက်လည်မလား. ...ရွာကိုပြန်မှာလေ..မေမေ့ဆီပြန်မယ်.... သွားကပ်ချွဲမယ်... မိန်းမပေးစားပါတော့လို့... ဟီးဟီး
Post a Comment