အဆိပ်သင့်သူ

ငါဟာ ဥယျာဉ်မှူးတစ်ယောက်စိတ်ဓါတ်နဲ့ နင့်ကိုချစ်ခဲ့ချိန်ကစတင်ပြီး နင့်အပေါ်မှာ လေးလေးနက်နက် ဂရုစိုက်ခဲ့တယ်.. ပြုစုယုယကြင်နာ စိတ်ချမ်းသာစေခဲ့ပြီး အရာရာမှာ နင့်တစ်မျက်နှာကိုပဲ မြင်ခဲ့တယ်… နင့်ဆီက အချစ်ဆိုတဲ့ ပန်းကလေးမပွင့်မီအချိန်မှာလဲ ငါ့အချစ်တွေလျော့နည်းမသွားပဲ ဇွဲရှိရှိချစ်ခဲ့တယ်… ဒီလိုနဲ့ နင်ငါ့ကိုချစ်တယ်လို့ပြောခဲ့တာကို တန်ဖိုးထားယုံကြည်စွာ မြတ်နိုးစွာသိမ်းဆည်းလို့ ဆထက်တပိုး တိုးပြီးချစ်ခဲ့ပါတယ်… ချစ်သူရေ အခုတော့ နင့်အချစ်တွေက ပန်းတစ်ပွင့်လို့ ဝေဆာဖူးပွင့်ချိန်ကျော်လွန်ပြီး ညှိုးနွမ်းကြွေကျသွားပြီလား.. . ငါလုံးဝမျှော်လင့်မထားခဲ့ပါဖူး… အခုတော့ နင်င့ါကိုချစ်ခဲ့တယ်ဆိုတာ …….. နုတ်ဖျားကမုသားတွေလား………………………… ရင်ထဲကစီးကျလာတဲ့ စစ်မှန်တဲ့ မေတ္တာတရားလား……. ငါစဉ်းစားနေရပြီချစ်သူ…….အခုအချိန်မှာ နင့်ရဲ့မုသားအဆိပ်တွေဟာ ငါ့ကိုချစ်တဲ့စိတ်နဲ့ ကျွေးခဲ့တဲ့ *ဆေးဖက်ဝင်မုသားအဆိပ်* တွေပဲဖြစ်ပါစေလို့ ဆုတောင်းနေမိပါတော့တယ်…..
၂၀.၃.၂၀၁၁ (၇း၃၀)မနက်

3 comments:

မေသိမ့်သိမ့် ကျော် said...

ကောင်းလိုက်တဲ့ ခံစားချက်ပါပဲ ဇွဲရှိရှိသာဆက်ချစ်လိုက်ပါရှင်....

ခင်မင်လေးစားလျက်

Angelhlaing(May everybody be happy and healthy! said...

အရမ်းကောင်းတဲ့ ကဗျာလေးပါပဲ။
ခံစားအားပေးလျှက်။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Anonymous said...

ကျေးဇူးပါဗျာ.... သူငယ်ချင်းတို့ အခုလိုအားပေးကြတာကို ၀မ်းသာပါတယ်...

Post a Comment

Photobucket Photobucket Photobucket