အချစ်တို့သန္ဓေတည်ရာ

ဒီကဗျာလေးတွေက ခံစားချက်တွေကို စကားလုံးတွေအဖြစ်ဖန်ဆင်း နှလုံးသားချင်းရင်းနှီးသူနှစ်ယောက် အချင်းချင်းရင်ခုန်သံဖွင့်ပွဲသဘောလေးရေးထားတာပါ……..တစ်ယောက်ကဗျာကို ကြည့်ပြီးနောက်တစ်ယောက်က ဆက်ရေးထားတာပါ.......စဉ်းစားချိန်က မရပါဘူး..တစ်ယောက်ရေးပြီး (၁၀)မိနစ်အတွင်း ကျန်တဲ့တစ်ယောက်က ကဗျာတစ်ပုဒ်အပြီးရေးပါတယ်..... Chat မှာ စကားပြောချိန် တစ်နာရီအတွင်း ဖန်တီးလိုက်တဲ့ ကဗျာလေးတွေပါ....သူတို့နှစ်ယောက်ကချစ်သူတွေတော့ မဟုတ်ပါဘူး ဒါပေမယ့် ခံစားချက်ကိုနားလည်ပေးတတ်တဲ့ သူတွေလို့ပြောရမလားဘဲ…… လူတစ်ယောက်ကို တစ်ယောက်ကနားလည်ရခက်ပါတယ်…. ထာဝရသူငယ်ချင်းများက သူငယ်ချင်းတွေကို သူတို့နှစ်ယောက်လို တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုနဲ့ အမုန်းမပွားပဲ အဖြူရောင်အချစ်များဖန်ဆင်းနိုင်ပါစေ….


ဆုံမှတ်တစ်ခုအလွဲ

ချစ်ရတဲ့ကောင်လေး:
လောက သံသရာ အချစ်ဆိုတာဝင်္ကပါလိုပါဘဲ တစ်ယောက်ကပြေးတော့ တစ်ယောက်ကလိုက်တယ် နှစ်ယောက်လုံးနီးတော့လဲ ဆိုက်ကားပေါ်မှာ ဘေးချင်းယှဉ်နေပြန်တော့လည်း သံလမ်းနှစ်ခုအလား မျက်နှာချင်းဆိုင်ဆုံတော့လည်း အစုန်အဆန်ရထားဘ၀ အော် ချစ်သူ တို့နှစ်ယောက်ရဲ့ဆုံမှတ်က လောကမှာရှာဖွေဆဲပါ
ချစ်ရတဲ့ကောင်မလေး:
ဆုံမှတ်တွေလွဲနေတဲ့ တို့၂ယောက်ဘဝ.......မုန်းဖို့မေ့ဖို့မဖြစ်နိုင် ရဟတ်ယာဉ်လို လည်နေတယ် ငါကောင်းကင်ကြီးနဲ့နီလားချိန် မင်းက မြေကြီးနားလေးမှာ......မပြောင်းလဲတဲ့ ကံတရားကို အရမ်းမုန်းမိတယ်.......ချစ်ရသူရယ်

ဆုံနိုင်ခွင့်နဲ့ရှင်သန်ခြင်း

ချစ်ရတဲ့ကောင်လေး
ကံဆိုတာအလုပ်တဲ့ တခါတလေ လောကမှာ လုပ်တိုင်းမဖြစ် ညစ်ကျယ်ကျယ် အတွေးတွေနဲ့ စည်းမျဉ်းဆိုတာတွေက တံတိုင်းတွေဆောက်ထားတတ်တယ်လေ ငါကိုယ်တိုင်ရောမစစ်တပ်ကြီးတစ်တပ်ကို ဦးဆောင်နိုင်ပြီး မင်းနဲ့ငါရဲ့ ကြားကတံတိုင်းကို ဖြိုဖျက် မင်းရှိရာအရပ်ကို တစ်စိုက်မတ်မတ်လာမယ် ချစ်သူ မင်းစောင့်မျှော်နေပေးပါ
ချစ်ရတဲ့ကောင်မလေး:
ရင်ခုန်ခြင်းတွေအပြည်နဲ့ပါ........ချစ်သူ....ထာဝရ........မှတ်တိုင်လေးမှာ စောင့်မျှော်နေမယ့် သူပါ...ယုံကြည်ခြင်းတွေ ရင်ထဲမှာ အရာတစ်ခုကိုမက်မက်မောမော ဆုပ်ကိုင်ထားသလို အချစ်တွေနဲ့ အားကိုးနေသူလေ....ချစ်သူရယ်.....အဲအချိန်ကိုရောက်လာခဲ့ရင် ခွန်အားတွေအပြည့်နဲ့ အရာအားလုံးကို တို့နှစ်ယောက်လက်တွဲလို့ ရင်ဆိုင်ကြရအောင်နော် ချစ်သူ

မျှော်လင့်ချက်ပန်းတိုင်

ချစ်ရတဲ့ကောင်လေး:
လောကကို အံတု ဖားတုလို့ခရုခုန်တာတော့ မဟုတ်ပါဘူး မင်းနဲ့ငါဆုံနိုင်ရမယ် ဆိုတဲ့မျှော်လင့်ချက်ကို ရင်ထဲမှာထည့်ပြီးကြိုးစာနေချိန်မှာ မင်းအကြောင်းကိုတွေး လွမ်းဆွေးနေရင်းနဲ့ ကဗျာတွေကိုရေးနေမိတယ် "ကိုလေးဖြူဆိုထားတာက တိုက်ဆိုင်မှုတွေရှိလာတိုင်း ငါလေ အမှတ်တမဲ့မင်းကိုလွမ်းပါတယ်တဲ့" ငါက မင်းကို ထာဝရလွမ်းနေတဲ့သူပါ မင်းနဲ့ငါ ဆုံစည်းတဲ့အခါ မင်းဘ၀အတွက် လူလောကနိဗာန်ဘုံဆိုတာကို ဖန်ဆင်းပြီး မင်းအတွက် အသက်ဆက်ရှေ့ကရပ်တည်နေမယ့်သူဆိုတာ ယုံကြည်နေပေးပါ
ချစ်ရတဲ့ကောင်မလေး:
ဘဝမှာရရှိတဲ့ အသက်ရှုသံတွေရဲ့တစ်ချက်တိုင်းမှာ မင်းကိုသတိရတယ်ချစ်သူ... တို့နှစ်ယောက်စိတ်ကောက်ဖူးကြတယ်.........နည်းမျိုးစုံနဲ့ရန်ဖြစ်ဖူးတယ်..... အလွမ်းတွေပိုင်ဆိုင်ခဲ့ဖူးသလို မျက်ရည်စတွေလည်းကျခဲ့တယ်......... အချစ်ကိုအရမ်းမုန်းမိတဲ့ငါက အချစ်အကြောင်းကို မင်းကြောင့် ဖွဲ့နွဲ့တတ်လာပီ.....တို့နှစ်ယောက်ဘာမှမတတ်နိုင်တဲ့ ဘဝလေးတွေကြားမှာ မြတ်နိုးခဲ့ကြပေမဲ့ အချစ်လမ်းလေးကို တို့တွေ အတူလျှောက်နိုင်အောင် မျှော်လင့်ချက်လေးတွေနဲ့ တမ်းတရင်း သာယာတဲ့ ပန်းခင်းလမ်းမှာ ဆုံပါရစေလားကွယ်။


လက်တွဲဖော်နဲ့ရှင်သန်ခြင်း

ချစ်ရတဲ့ကောင်လေး:
တို့တွေဝေးနေတယ် ဆွေးနေတယ် ဒါပေမယ့်ချစ်သူ တို့နှစ်ယောက်ရင်ထဲမှာ အချစ်ဆိုတဲ့ ခိုင်မာတဲ့ နှောင်ကြိုးတစ်ခုနဲ့ ခွန်အားတွေရရှိ တို့တွေချင်းနီးစပ်မှုကိုရရှိစေတယ် ... ဝေးကာနေတဲ့နယ်နမိတ်တွေကို ငါတို့နှစ်ယောက် အချစ်ကို သာ လမ်းခင်းလိုက်ရင် မင်းနဲ့ငါကြားမှာရှိနေတဲ့အကွာအဝေးက ဆံချည်မျှင်ထက်ပိုသေးငယ်တယ်ဆိုတာကို ချစ်သူသိနေမှာပါ နေရိပ်ဖို့အတွက်စောင့်ရတာနေပူတော့နည်းနည်မိမှာပါချစ်သူ ခရောင်းလမ်းကို အချောသတ်လို့ မင်းနဲ့ငါ့ရဲ့ ပန်းခင်းလမ်းကို ငါကိုယ်တိုင်ဖောက်လုပ်နေတယ် ချစ်သူ
ချစ်ရတဲ့ကောင်မလေး:
ချစ်ရသူရယ်........တို့တွေအသက်ထက်မက အရာအားလုံးကိုစွန့်လွှတ်ပြီး ချစ်နေကြတဲ့ချစ်သူတွေ......ပန်းခင်းလမ်းကို နှစ်ယောက်တူတူတည်ဆောက်ပါရစေလား .....နောက်ဆုံး ဖြစ်နိုင်ရင်လေ ဘေးနားက ရေလေးခပ်တိုက်ပေးနေတဲ့သူဖြစ်ချင်တယ်....ပင်ပန်းခြင်းတွေမျှဝေလို့ လွတ်လပ်စွာနဲ့ အနာဂတ်ကို အချစ်တွေ နားလည်မှုတွေနဲ့ တည်ဆောက်ပါရစေချစ်သူ။

အလွမ်းနဲ့အသက်ရှင်သူ


ချစ်ရတဲ့ကောင်မလေး:
လွမ်းမိပါတယ်.....မျက်ဝန်းမှာမျက်ရည်စလေးတွေနဲ့..........လွမ်းမိပါတယ်...ကြင်နာသူအသံလေးကို......လွမ်းမိပါတယ်.....ချစ်ရသူ၏ အပြောကောင်းတဲ့စကားလုံးလေးတွေ......လွမ်းမိပါတယ်......တောက်ပနေတဲ့ မြတ်နိုးသူရဲ့ အကြည့်လေးတွေ.......ရှင်ရယ် ရင်ခွင်မှာငိုကြွေးနေမိတယ်.....အလွမ်းတွေ ဆယ်သက် မကုန်နိုင်အောင် အလိုလိုရနေတယ်....ချစ်ရသူရှင့်ကို.....စက္ကန့်နဲ့အမျှ တမ်းတနေတဲ့ ကျွန်မအဖို့ ဘယ်ချိန်မှ ပျော်ရွင်ခြင်းတွေကိုရမလဲ မျှော်နေမိတယ်
ချစ်ရတဲ့ကောင်လေး:
ချစ်သူ အလွမ်းတွေကို စားသုံးကုန်တစ်ခုအဖြစ်အသုံးဝင်မယ်ဆို မင်းနဲ့ငါ့ အလွမ်းဟာ နတ်သုဒ္ဓါထက် အရသာရှိမယ်ဆိုတာကို ငါယုံကြည်ပါတယ် ငါ့ခန္ဓာကိုယ်မှာ လည်ပတ်နေတဲ့သွေးတစ်စက်ချင်းမှာ မင်းကိုလွမ်းတဲ့ အငွေ့အသက်က ရာနှုန်းပြည့်ပါဝင်နေတဲ့အတွက် အခုဆို ငါ စူးဆူးမှာကိုကြောက်တတ်နေဘီချစ်သူ ငါ့ဆီကသွေးတစ်စက်ဆုံးရှုံးမှုဟာ ငါ့ဘ၀အတွက် အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုပါဘဲ မင်းကို လွမ်းတဲ့အလွမ်း ငါဘယ်လိုမှ လျော့နည်းမသွားချင်ဘူး ချစ်သူ

မယုံနိုင်အောင်လွမ်းမိခြင်း

ချစ်ရတဲ့ကောင်လေး:
ကိုရမ်ကျမ်းစာရယ် ပိဋကတ်သုံးပုံရယ် ပညက်တော်ကြီးတွေရယ် အများကြီးကို ငါမသိချင်ပါဘူးချစ်သူ ငါသိချင်တာ မင်းငါလွမ်းနေသလို လွမ်းနေမလား ဆိုတာလေးကို သဲကန္တာရမှာ ရေငတ်နေတဲ့ လူတစ်ယောက် အိုအေစစ်ကို တမ်းတသလို မက်မောတောင့်တစွာ မျှော်လင့်နေမိတယ် ချစ်သူ ....ချစ်သူ ငါ့အလွမ်းတွေကို လှေကားတစ်စင်းဆောက်နိုင်ရင် ကောင်းကင်ကိုဖောက် စကြာဝဠာအပြင်ဘက်ထိ မင်းလမ်းထွက်လျှောက်လို့ရတယ်ချစ်သူ မင်းနှလုံးသားနဲ့ မြင်ကြည့်ပေးပါ
ချစ်ရတဲ့ကောင်မလေး:
ငါရောက်နေတာ နေမင်းကြီးအနီးမှာဖြစ်နေလို့ ပူလောင်နေမယ်မထင်ပါနဲ့ ဘေးမှာ မင်းရှိနေတဲ့အတွက် အေးမြလတ်ဆတ်နေမှာပါ……. ငါ ၀င်ရိုးစွန်းရေခဲပြင်မှာရောက်နေလို့ အရမ်းအေးနေမယ် မထင်ပါနဲ့ မင်းဆီကနွေးထွေတဲ့အငွေ့အသက်တွေရနေမှာပါ….. ငါ ဘယ်လို အခက်အခဲရှိရှိ မင်းသာဘေးနားမှာရှိမယ် ဆို….. ငါ့ဘ၀က ထာဝရလန်းဆန်းစွာ ပွင့်ဖူးနေတဲ့ ပန်းခင်းကြီးလို………….. ထာဝရအေးမြစွာ စီးဆင်နေတဲ့ စမ်းချောင်းတစ်ခုလို…. အရာရာပြည့်စုံစွာလှပ ရှင်သန်နေမှာပါ……


(အခုတော့လဲ အရမ်းကိုချစ်တဲ့ နားလည်မှူရှိတဲ့ ချစ်သူတွေဖြစ်သွားကြပါပြီ.)

No comments:

Post a Comment

Photobucket Photobucket Photobucket