တားဆီးပိတ်ပင် အပြစ်တင်လို့
စိတ်ဆိုးရန်ဖြစ် တစ်ဗျစ်ဗျစ်နှင့်
မြည်တွန်တောက်တီး အဖွားကြီးလိုလူ…….
သွန်သင်ဆုံးမ နည်းလမ်းပြလို့
ဥပမာပေးဆွေးနွေးတိုင်ပင် မိခင်လိုလူ……
ပျော်စရာလေး ဖန်တီးပေးနိုင်သမျှ
နည်းလမ်းမျိုးစုံ တတ်မျှအကုန်ထုတ်
မင်းအတွက် “က”ရုပ်ဖြစ်ခဲ့သူ…….
မငြူစူပဲ သူချွဲသမျှ အဟုတ်မှတ်ထင်စိတ်ကြီးဝင်ကာ
ငါဟဲ့ချစ်သူ အူတူတူနဲ့ သစ္စာစကားရင်ဝယ်ထားလို့
နင့်တစ်ယောက်တည်းအား ချစ်တဲ့သူ..
မမျှော်လင့်ပဲ တွယ်ငင်ရစ်ပတ်
သံယောဇဉ် ညှို့ချက်ပြင်း
ပစ်ခွင်ခဲ့တဲ့မြှားတစ်စုံ ရင်ခွင်အုံကိုကွဲအက်
အသဲပျက်မတတ်ချစ်မှ ထားသွားရက်ပြီလားကွယ်……
“က”ရုပ်= ကပြဖျော်ဖြေသော ရုပ်သေးရုပ်…
4:28am (29.3.2011) Russia
အချစ်ဒိုင်ယာရီ အလွမ်း
Labels:
Poem







No comments:
Post a Comment