သစ္စာရှင်ဗီလိန်


ဟိုးတုန်းကတော့ မိန်းမတစ်ယောက်အတွက် စစ်ပွဲတွေဖြစ်ခဲ့ကြပါတယ်..
မယ်သီတာအတွက် ရာမနဲ့ ဒဿ စစ်ဖြစ်တယ်
မမြ၀င်းအတွက် ဦးဘချစ်နဲ့ ဗိုလ်အောင်ဒင်
မဏိစန္ဒာအတွက် အနော်ရထာနဲ့ ကျန်စစ်သား စသဖြင့်ပေါ့…
ငါလည်း မိန်းမတစ်ယောက်အတွက် ဗီလိန်တစ်ယောက်ဖြစ်ခဲ့ရင် ဖြစ်ခဲ့မယ်…
ဒါပေမယ့် ကျန်စစ်သားလိုငါ့ဘ၀က ချစ်သူကချစ်ခဲ့တဲ့ ဗီလိန်တစ်ယောက်လို့
ယုံကြည်ထားခဲ့သမျှ နင်ကြောင့် တစ်ရက်တည်းကိုပျက်စီးသွားခဲ့တယ်..
ချစ်သူရေ…. နင်သိထားအောင်ပြောလိုက်မယ် …. ငါဗီလိန်တစ်ယောက်ဆိုပေမယ့် သစ္စာရှိခဲ့တယ်..
နင့်အပေါ်မှာ မြတ်နိုးတန်ဖိုးထားခဲ့တယ်… အသက်ပေးမလောက်ချစ်ခဲ့တယ်…
ဒါပေမယ့် …… ..........
ကိုယ့်နောက်ကွယ်မှာဖောက်ပြန်နေမယ့်မိန်းမတစ်ယောက်အတွက် ဘယ်တော့မှစစ်မဖြစ်ဖူး..
သူတစ်ပါးကို ရန်မရှာဖူး….ခေတ်စကားပြောရင် နင်ရှာထားတဲ့ ဂွင်ကို ငါမဖျက်စီးပါဖူး….
ငါကိုယ်တိုင်ချမှတ် ငါကိုယ်တိုင်လိုက်နာခဲ့တဲ့ စည်းကမ်းတွေကို နင်မချိုးဖောက်ဘဲနေနိုင်တဲ့အခါ
ကိုင်းမြင်တိုင်းနားချင်တဲ့ အပျံသင်စငှက်ငယ်ဘ၀ကို နင်စွန့်လွှတ်နိုင်တဲ့အခါ
ငါ့အချစ်တွေကို နင်သိလာတဲ့အခါ
နင်ချစ်ခဲ့တာ ငါတစ်ယောက်တည်းလို့ သေချာတဲ့အခါ
ငါ့ရင်ခွင်ကိုပြန်လာခဲ့ပါ….. နင့်အတွက်ငါ့ရင်ခွင်က အမြဲတမ်း Welcomeပါ….
လာချင်ရင်တော့အနီးလေး မလာချင်ရင်တော့ ခရီးဝေးပါတယ်....ချစ်သူ

No comments:

Post a Comment

Photobucket Photobucket Photobucket