တစ်မိုးအောက်ကလူသားများ

တို့တတွေ
မိုးခါးရေလဲသောက်ခဲ့ဖူးတယ်
နှင်းစက်တွေရဲ့ ဒဏ်ကိုလဲခံစားဖူးတယ်
နေရောင်ခြည်ရဲ့ပူလောင်မှုနဲ့လည်းနေပျော်ခဲ့ဖူးတယ်
လရောင်ကွယ်ပျောက်တဲ့အမှောင် ညတွေမှာလဲ
ငြီးငွေ့ခဲ့ဖူးတယ်
တကယ်ဆို ငါတို့တွေအားလုံးအတွက်
သာယာချမ်းမြေ့တဲ့အမိုးအကာတစ်ခုသာရှိခဲ့ရင်
ဒီလောက်ထိဘ၀ပျက်ခဲ့မှာမဟုတ်ဘူး
တစ်မိုးအောက်ကလူသားပေမယ့်
အမိုးပျောက်တဲ့လူသားက ငါပါပဲ
လောကကြီးရယ် အမိုးတစ်ခုလောက်ဖန်ဆင်းပေးပါကွယ်

05.7.2010(3:00am)Ru
*** ဒီကဗျာလေးကို ဘယ်လိုခံစားမိကြမလဲလို့ သိချင်ပါတယ်ဗျာ ... ကျေးဇူးပြုပြီး ထင်မြင်ချက်
Comment လေးတွေချန်ထားပေးပါနော် ***

1 comment:

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးက လွမ်းမောဖွယ်ရာလေးနော်..
ခံစားအားပေးလျှက်..

Post a Comment

Photobucket Photobucket Photobucket