မျှော်လင့်ခြင်း အလင်းငယ်

မင်းကိုလေ……

ကောင်းကင်မှာလင်းလက်နေတဲ့

ကြယ်လေးတစ်ပွင့်ဖြစ်စေချင်တယ်

ကြယ်ကလေးတွေမကြွေတော့ရင်ပေါ့

မင်းကိုလေ…..

ကမ္ဘာကြီးအတွက်နွေးထွေးမှု အလင်းရောင်ပေးတဲ့

နေမင်းကြီးတစ်စင်းဖြစ်စေချင်တယ်

ညအခါဆိုတာ မရှိတော့ရင်ပေါ့

မင်းကိုလေ….

ကမ္ဘာကြီးကို အေးမြမှု အလင်းရောင်ပေးတဲ့

လမင်းကြီးတစ်စင်းဖြစ်စေချင်တယ်

နေရောင်လာလို့ မင်းပျောက်ကွယ်မသွားရင်ပေါ့

သတ္တလောကမှာ မင်းဟာ

ကြယ်လေးတစ်ပွင့်နေမင်းကြီးတစင်း လမင်းကြီးတစင်း မဖြစ်ပေမယ့်

ငါ့ရင်ထဲမှာတော့ ထာဝရထွန်းလင်းနေတဲ့

ရောင်စဉ်တန်းလေးတစ်ခုပါချစ်သူ

၁း၂၃ မနက်(၃၀.၈.၂၀၁၀)

No comments:

Post a Comment

Photobucket Photobucket Photobucket