တစ်မိုးအောက်က ချစ်သူများ

မိုးရေစက်တွေကြားက
နှင်းမှုန်တွေကြားက
နေရောင်အောက်က
လရောင်အောက်က
ဘ၀တွေကတူပေမယ့် ပုံစံမျိုးစုံကွဲ
နေရာတွေလွဲလို့ Online ကပဲတို့တွေ့ခဲ့ရတယ်………
ရေစက်ရယ်ဆုံလေတော့
ကြုံသမျှကိုခင်မင်
သံယောဇဉ်ဖြစ်လို့
သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်……..

အချိန်တွေကြာ
သံယောဇဉ်ခိုင်မာတော့
ရင်ထဲကနှောင်ကြိုး
ထပ်တိုးလို့ရစ်ချည်
*ချစ်သည်*ဆိုသောစကား
နုတ်ဖျားကလွတ်ကျ နှလုံးသားကပွင့်ထွက်
တရပ်စပ်ကို ချစ်မိခဲ့ကြတယ်……………..

ဝေးမြေတွေခြားပေမယ့်
များလာတဲ့အချစ်တွေက
အလွမ်းအဖြစ်ရပ်တည်
ရက်တွေလဲအလီလီပြောင်း
မဟောင်းပဲချစ်နေတဲ့ ငါတို့နှစ်ဦး
တစ်မိုးအောက်မှာ ဆုံစည်းဖို့
ဘုရားမှာသာတောင်းဆုပြုရပါတော့မယ်……..

(နင့်ကို မသိစိတ်က ချစ်မိသွားတယ်ဆိုတာကို မသိပဲ ရင်ထဲကထွက်ကျလာတဲ့ ကဗျာလေး)
05.07.2010(15:15) Ru

No comments:

Post a Comment

Photobucket Photobucket Photobucket