မင်းရဲ့ ငယ်ကျွန်တော်

ကစားပါမင်းအတွက်ငါက

Chessခုံပေါ်က နယ်ရုပ်တစ်ရုပ်ပါ

ထားပါ မင်းအတွက်ငါက

လိုရင်ယူသုံးနိုင်မယ့် သက်ရှိအရာဝတ္ထုတစ်ခုပါ

ပြောပါမင်းအတွက်ငါက

အမိန့်နာခံတဲ့ ၀န်ထမ်းကောင်းတစ်ဦးပါ

သတ်ပစ်လိုက်ပါ မင်းအတွက်ငါက

သက်ဦးဆံပိုင်ကျွန်တစ်ယောက်ပါ

တစ်ခုတော့တောင်းဆိုပါရစေချစ်သူ

ငါ့ကိုမင်းကြိုက်သလို စီရင်နိုင်ပေမယ့်

မင်းကိုချစ်တဲ့ငါ့အချစ်ကို

ဖျက်စီးတဲ့ အမိန့်ကိုတော့ငါမလိုက်နာနိုင်ဘူးနော်

မင်းကိုငါ ထာဝရလွမ်းနေချစ်နေမယ်

၎း၅၀(၁.၉.၂၀၁၁)

1 comment:

ÁLVARO BÓMEZ CASTRO said...

Hi, very good. I have a blog about lterature and films. I invite you to visit:

http://alvarogomezcastro.over-blog.es

Greetings from Colombia

Post a Comment

Photobucket Photobucket Photobucket