ညွှန်ကြားရန်မလို

သံလိုက်စက်ကွင်းဆွဲငင်အားနဲ့
သံထည်တွေသူ့အနားကို နီးစပ်သွားတယ်
လရဲ့ဆွဲငင်အားနဲ့
ဒီရေတွေမြင့်တက်လာကြတယ်
ကမ္ဘာရဲ့ဆွဲငင်အားနဲ့
လောကကြီးမှာလူတွေရပ်တည်နေနိုင်တယ်
ဒီလိုဆွဲငင်အားတစ်ခုရှိမှ
ဖြစ်ပေါ်လာတတ်တဲ့ ဖြစ်စဉ်တွေမှာ
မောင့်အချစ်တွေမပါခဲ့ဘူးချစ်သူ
မင်းရဲ့ အပေါ်ယံအလှတရား
မာယာပါတဲ့အမိန့်တွေ
ဘာဆိုဘာမှမပါဘဲ
ကောင်းကင်မှာ ကြယ်လေးတွေ
ကော်မကပ်ဘဲ လင်းလက်စွာတည်ရှိနေသလို
မင်းဘ၀ကို လှပစွာခြယ်သ
ထာဝရ ဖြူစင်စွာချစ်နေချင်သူပါ
၁၂း၃၀(၁၅.၉.၂၀၁၀)

No comments:

Post a Comment

Photobucket Photobucket Photobucket