ခဲဖျက်လည်း သုံးခဲ့တယ်
မှင်ဖျက်ဆေးလည်းသုံးခဲ့တယ်
နာရီကိုလည်း သုံးခဲ့တယ်
မေ့ပစ်ဖို့လည်း ကြိုးစားခဲ့တယ်…
ခဲဖျက်တွေကုန်
မှင်ဖျက်ဆေးမလောက်
နာရီလည်းနောက်ဆုတ်မရ
မေ့ပစ်ဖို့ကခက်ခဲ
ဒီအတိတ်တွေထဲမှာ ကျန်ခဲ့သမျှ
ဘယ်တော့မှများ ပြည်ဖုံးကားချနိုင်မှာလဲ
ဖြစ်နိုင်ရင် တစ်ခါလောက်တော့ ခွင့်ပြုစေချင်တယ်
ငါ့ကိုယ်ဝန်အရင့်အမာနဲ့ အမေကမွေးဖွားခဲ့တဲ့အချိန်ကိုလေ…
အခုတော့…..
အတိတ်မှာထားခဲ့ဖူးသမျှ ချစ်သူတွေ
သူတို့အပေါ်မှာ မှားခဲ့သမျှ အပြစ်တွေ
ငါ့ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ အရိပ်မည်းတွေ ဖြစ်နေသလိုပါလား….
တကယ်လို့သာ နောက်ဘ၀မှာလူဖြစ်ခဲ့ရင် ……
တစ်ယောက်တည်းကိုသာချစ်
ချစ်သောသူတစ်ယောက်ကိုသာ ပိုင်ဆိုင်ရပါလို၏…..
*(ချစ်ရတဲ့ချစ်သူကလဲ ကိုယ်တစ်ယောက်ကိုပဲ တန်ဘိုးထားနိုင်ပါစေ)*
Only One
Labels:
Poem







No comments:
Post a Comment