ဖြစ်ခွင့်ရှိရင်

ရင်းနှီးမှု ဖန်တီး အချစ်တို့အမြစ်တည်

မေတ္တာရေကြည်သွန်းလောင်း နှလုံးသားစံအိမ်လေးမှာ

ခဏလေးမီးစိမ်းပျောက်ရင် ကမ္ဘာခြားသလောက်

လွမ်းခဲ့ဖူးတယ်…..

ဒါပေမယ့်……..

အိပ်မက်တွေ ဆေးရောင်ခြယ်

စိတ်ကူးတွေကို သံစဉ်ညှိ

အနာဂတ်ကို ထုဆစ်နေချိန်

မင်းတစ်ယောက် ငါ့ရင်ခွင်အောက်က

ပြေးထွက်လို့ပျောက်ဆုံးသွားခဲ့တယ်…..

အမှတ်မထင် ပြန်ဆုံတွေ့

ရင်ခုန်သရွေ့ချစ်နေမယ့်ငါ

ရင်ထဲကအနာ ဘယ်ကိုပျောက်

နင့်ရှေ့မှောက် ခစားချင်နေမိတယ်

နင်ခွင့်ပြုနိုင်မလား……..

No comments:

Post a Comment

Photobucket Photobucket Photobucket