မင်းရဲ့စိတ်နဲ့ ရူး

ဝေလေလေတစ်ယောက်ထဲ
တွေးနေဆဲမင်းရဲ့အကြောင်း
ငေးနေဆဲယောင်ချာချာ
အဖော်ရယ်မပါတစ်ယောက်တည်း
သွားလေသမျှလမ်းတွေမှာလည်း
မင်းအကြောင်းပဲတွေးနေမိတယ်
ညည်းလေသမျှတေးတွေမှာလည်း
မင်းအကြောင်းကိုပိုလွမ်းမိတယ်
ရေးလေသမျှကဗျာတွေကလည်း
မင်းအလှတွေဖော်ကျူးမိတယ်
ငါလေ…
ကြာလာရင် မင်းရဲ့စိတ်နဲ့ ရူးရလိမ့်မယ်



No comments:

Post a Comment

Photobucket Photobucket Photobucket