အချစ် နဲ့ နိုင်ငံရေး


လူတစ်ယောက်ကို ချစ်တဲ့အခါမှာ
ဆင်းရဲချမ်းသာဂုဏ်ပကာသနနဲ့
ပညာအရည်အချင်း ရုပ်အဆင်းအတွက်
ဦးနှောက်ဖြင့်သာ စဉ်းစားခဲ့ပါက
သင့်ရဲ့နောက်ကြောင်း ကောင်းလိမ့်မည်မဟုတ်……….
ထို့အတူ---
ငါတို့တွေရဲ့ နိုင်ငံတော်ကို ချစ်တဲ့အခါမှာ
ကိုယ့်ဂုဏ်သိက္ခာ သြဇာတွေနဲ့
စီးပွားအကျိုးအမြတ် တိုးတက်ဖို့အတွက်
ဦးနှောက်ဖြင့်သာ စဉ်းစားခဲ့ပါက
နိုင်ငံ့အရေး နောက်ကြောင်းအေးမည်မဟုတ်………..
သို့ပေသောကြောင့်---
ကိုယ်ကျိုးမဖက် စွန့်လွှတ်အနာခံ
နိုင်ငံအရေး အချစ်ရေးအတွက်
နှလုံးသားကိုရင်း သစ္စာခင်း၍
မေတ္တာပန်းခင်း လျှောက်ကြမယ်......

No comments:

Post a Comment

Photobucket Photobucket Photobucket