ပေးဆပ်ခြင်း

ပင်လယ်ပြင်ကရေငွေ့တွေ

ကမ္ဘာမြေမြစ်ချောင်းတွေက ရေငွေ့တွေ

ပေါင်းစပ်စုဖွဲ့မှသာ

ကောင်းကင်ကနေ မိုးရွာသွန်းနိုင်တာပါ….

ငါ့ရင်ထဲက အချစ်တွေ

ငါ့သွေးကြောတွေထဲက အချစ်တွေ

ပေါင်းစပ်စုဖွဲ့မှသာ

နင့်ရင်ထဲကအချစ်တွေ ရွာသွန်းနိုင်တာပါ…..

ဒီတော့…..

မင်းဆီကို မင်းမသိဘဲရောက်လာတဲ့

ငါ့အချစ်အပိုင်းအစတွေကို

ပုံသွင်းထုဆစ် မင်းရဲ့အချစ်အဖြစ်

ငါ့ဆီရောက်လာခဲ့တာ မင်းသိနိုင်မှာပါ…….

No comments:

Post a Comment

Photobucket Photobucket Photobucket