မချစ်တတ်သူလား??? ရက်စက်သူလား????


ချစ်သူရေ တကယ်တမ်းကျတော့ 
ငါဟာပင်လယ်ရေပြင်အောက်မှာ 
သမင်ပျောက်လိုက်ရှာနေတဲ့ မုဆိုးတစ်ကောင်ပါ…. 
မာယာစကားအဆိပ်သွားတွေကို  ပျားရည်လို့မှတ် 
တက်မက်စွာ သောက်သုံးနေမိသူပါ…. 
မချစ်ဖူးဆိုတဲ့စကား ငါခဏခဏမကြားရအောင်     
မင်းအနားက ငါပုန်းရှောင်နေရတဲ့ အကြိမ်ပေါင်းလဲများလှပါပြီ…. 
မင်းနဲ့မတွေ့ချိန်တိုင်းမှာ မင်းငါ့ကိုမချစ်ဖူးဆိုတဲ့စကား   
င့ါရဲ့နားမှာအမြဲကြားလို့ ကြေကွဲစွာလွမ်းဆွတ်နေမိတာကို 
မကြေငြာပေမယ့် ဝေဒနာကအထင်းသားမို့ မင်းမြင်နေရမှာပါ  …..   
မင်းနုတ်ဖျားက ငါ့ကို သိပ်ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းရဲ့နောက်မှာ
သေဒဏ်ဆိုတဲ့ အမိန့်တစ်ခု ထပ်ချပ်မကွာပါလာခဲ့ရင်လဲ 
ငါကျေနပ်ပျော်ရွှင်နေမယ်ဆိုတာ မင်းသိထားပေးပါချစ်သူ…..

No comments:

Post a Comment

Photobucket Photobucket Photobucket