Dec
Wednesday,
1,

လမ်းဘေးကငါ

လမ်းဘေးက သောက်ရေအိုးစဉ်တစ်ခုလို
မင်းရေဆာရင် ၀င်သောက်နိုင်ပါတယ်
လမ်းဘေးက ဇရပ်တစ်ဆောင်လို
မင်းမောရင် ၀င်နားနိုင်ပါတယ်
လမ်းဘေးက ခုံတန်းတစ်ခုလို
မင်းညောင်းရင် ၀င်ထိုင်ပါ
လမ်းဘေးက စမ်းချောင်းတစ်ခုလို
ညစ်ပေနေတဲ့ခြေထောက်များကို ၀င်ဆေးပါ
လမ်းဘေးကကောင် ငါ့အတွက်တော့
လမ်းဘေးက ခပ်ပေါပေါအချစ်များနဲ့
ပျော်ရွှင်အောင် ဖန်ဆင်းမပေးပါနဲ့
နှလုံးသားတွေကို နာကျင်အောင်လုပ်ပြီး
လမ်းဘေးမှာထားခဲ့ပြီလား ချစ်သူ

No comments:

Post a Comment

Photobucket Photobucket Photobucket