ရင်ဘတ်ကအထိနာ
မချိသာတဲ့ဝေဒနာ
အကြင်နာဆိုတာ
ညာစရာလား
ဒဏ်ရာများကိုထားရစ်
မင်းအချစ်တဲ့လား…….
ဘယ်ကိုသွားသွား
မင်းအပါးကလိုက်ချင်ခဲ့သူ
ဘယ်ကိုကြည့်ကြည့်
မင်းမျက်နှာကိုမြင်နေမိသူ
ဘယ်လိုပဲအသက်ရှူရှူ
မင်းရနံ့တွေရနေမိသူ
အမှတ်တမဲ့မင်းရဲ့လုပ်ရပ်က
အမှတ်တရအဖြစ် ငါ့အတွက်ပေါ့
ဒါ… မင်းအချစ်တဲ့လား……..
ကဲခုတော့….
တနယ်စီဝေး အဆွေးတွေနဲ့
အပြေးလေးတော့လာချင်ပါရဲ့
မင်း..ကမ်းမယ့် လှမ်းလက်တစ်စုံက
ချိုမြိန်မနေလေတော့
မင်းပေးခဲ့ဖူးတဲ့အချစ်
အချစ်စစ်တစ်ခုလား?
DecWednesday,1,
Dec
Wednesday,
1,
အချစ်စစ်လားးးးးးးး
Labels:
Poem
No comments:
Post a Comment