အမှောင်ကို ထွင်းဖောက်ရဲပါတယ်
မင်းအတွက်ဆိုရင် ငါက
မီးတိုင်ငယ်လေးဖြစ်ချင်သူပါ
ထီးငယ်လေးပေမယ့်
သဘာဝရဲ့အန္တရာယ်တွေကို
ကာကွယ်ပေးပါ့မယ်
မင်းအတွက်ဆို ငါက
ထီးကလေးတစ်လက်ဖြစ်ချင်သူပါ
ဖိနပ်ပါးလေးတစ်ရံပေမယ့်
ပူပြင်းတဲ့မြေပြင်ရဲ့ ဒဏ်ကို
ကာကွယ်ပေးပါ့မယ်
မင်းအတွက်ဆို ငါက
ဖိနပ်လေးတစ်ရံဖြစ်ချင်သူပါ
မင်းအတွက်ဆို….
မင်းလိုသမျှ ဖန်ဆင်းနိုင်တဲ့
စေလိုရာစေ နတ်မင်းတစ်ပါးဖြစ်ချင်သူပါ
သို့သော်………….
ချစ်သူရဲ့အချစ်တွေကို မပိုင်ဆိုင်ရတဲ့
ငါ့ဘ၀က စေလိုရာမစေတဲ့
အညတရတစ်ကောင်ပါ
တန်ဖိုးမဲ့သုည
Labels:
Poem







No comments:
Post a Comment