ကျိန်စာသင့်တဲ့ အချစ်


မတွေးပဲမင်းအကြောင်း ခေါင်းထဲမှာအမြဲရှိနေတယ် မခေါ်ပဲမင်းအနား အမြဲရောက်နေတတ်တယ် မလိုရည်ရွယ်ပဲမင်းအကြောင်း ကဗျာတွေရေးမိနေဆဲပါ ငါလေ မခိုင်းပဲလုပ်တတ်တာဆို မင်းကိုလွမ်းတာနဲ့ မင်းကိုချစ်နေတာ မင်းနဲ့ပါတ်သတ်တာတွေပါပဲ ငါလေဖြစ်နိုင်ရင် *တခါတခါ မလိုအပ်ပဲ အသက်တောင်မရှူချင်ဘူး အသက်ရှူရမယ့်အချိန်ကို သတိရပြီး မင်းကို မေ့သွားမှာ စိုးရိမ်မိလို့*
တခါတခါလဲ ချစ်ခဲ့သမျှကို  ပေါ့ပေါ့လေးတွေး ခလေးလေးလို ရယ်နေချင်သေးတယ် မင်းကိုချစ်ခဲ့တာတွေမေ့  တမြေ့မြေ့နာကျည်းတတ်ချင်တယ်မင်းအတွက်  ခံစားရတဲ့ ခံစားမှုတွေကို   ချောင်းတခုမှာမျှော ငါ့ဘ၀ကို ငါ့သဘောနဲ့ လှော်ခတ်ချင်ပေမယ့်…..  မင်းကိုချစ်မိခဲ့တာတွေက အရှိန်ပြင်းစွာပူလောင်ခဲ့ပီး  ခလုတ်တစ်ချက်ပိတ်ရုံနဲ့ တဖြည်းဖြည်းအေးစက်သွားတတ်တဲ့  မီးဖိုတစ်ခုလိုမှမဟုတ်ပဲ  ငါဟာ မင်းကို ချစ်တဲ့အချစ်တွေအတွက်     ထာဝရတောက်လောင်နေဦးမယ့် နေမင်းကြီးပါ….

No comments:

Post a Comment

Photobucket Photobucket Photobucket