
ပိတောက်ဝါကိုချစ်တယ် နင့်ကိုလဲချစ်တယ် အချစ်ရယ်
ဒါပေမယ့်
နင့်ဥပေက္ခာတွေ အမုန်းတရားတွေနဲ့ နပမ်းလုံးနေရတဲ့ငါ့မှာ
ပျော်ပါးဖို့ဆိုတာ ရှားပါးတဲ့ကန္တာရ အိုအေစစ်ပါ
နင့်အနားမှာ ငါမနေရတဲ့အချိန်တွေဟာ
ငါ့ဘ၀နေမင်းကြီးကို ရင်ခွင်ပိုက်တဲ့ လောကဟင်းလင်းပြင်လိုပဲ
ထာဝရပူလောင်နေရတာကိုလှည့်ကြည့်ပါဦးချစ်သူ
၃၁.၃.၂၀၁၁ ၁၉း၅၇ (ရုရှား)
မုန်းဘီတဲ့လား
အချစ်ဒိုင်ယာရီ အလွမ်း
တားဆီးပိတ်ပင် အပြစ်တင်လို့
စိတ်ဆိုးရန်ဖြစ် တစ်ဗျစ်ဗျစ်နှင့်
မြည်တွန်တောက်တီး အဖွားကြီးလိုလူ…….
သွန်သင်ဆုံးမ နည်းလမ်းပြလို့
ဥပမာပေးဆွေးနွေးတိုင်ပင် မိခင်လိုလူ……
ပျော်စရာလေး ဖန်တီးပေးနိုင်သမျှ
နည်းလမ်းမျိုးစုံ တတ်မျှအကုန်ထုတ်
မင်းအတွက် “က”ရုပ်ဖြစ်ခဲ့သူ…….
မငြူစူပဲ သူချွဲသမျှ အဟုတ်မှတ်ထင်စိတ်ကြီးဝင်ကာ
ငါဟဲ့ချစ်သူ အူတူတူနဲ့ သစ္စာစကားရင်ဝယ်ထားလို့
နင့်တစ်ယောက်တည်းအား ချစ်တဲ့သူ..
မမျှော်လင့်ပဲ တွယ်ငင်ရစ်ပတ်
သံယောဇဉ် ညှို့ချက်ပြင်း
ပစ်ခွင်ခဲ့တဲ့မြှားတစ်စုံ ရင်ခွင်အုံကိုကွဲအက်
အသဲပျက်မတတ်ချစ်မှ ထားသွားရက်ပြီလားကွယ်……
“က”ရုပ်= ကပြဖျော်ဖြေသော ရုပ်သေးရုပ်…
4:28am (29.3.2011) Russia
သစ္စာရှင်ဗီလိန်

ဟိုးတုန်းကတော့ မိန်းမတစ်ယောက်အတွက် စစ်ပွဲတွေဖြစ်ခဲ့ကြပါတယ်..
မယ်သီတာအတွက် ရာမနဲ့ ဒဿ စစ်ဖြစ်တယ်
မမြ၀င်းအတွက် ဦးဘချစ်နဲ့ ဗိုလ်အောင်ဒင်
မဏိစန္ဒာအတွက် အနော်ရထာနဲ့ ကျန်စစ်သား စသဖြင့်ပေါ့…
ငါလည်း မိန်းမတစ်ယောက်အတွက် ဗီလိန်တစ်ယောက်ဖြစ်ခဲ့ရင် ဖြစ်ခဲ့မယ်…
ဒါပေမယ့် ကျန်စစ်သားလိုငါ့ဘ၀က ချစ်သူကချစ်ခဲ့တဲ့ ဗီလိန်တစ်ယောက်လို့
ယုံကြည်ထားခဲ့သမျှ နင်ကြောင့် တစ်ရက်တည်းကိုပျက်စီးသွားခဲ့တယ်..
ချစ်သူရေ…. နင်သိထားအောင်ပြောလိုက်မယ် …. ငါဗီလိန်တစ်ယောက်ဆိုပေမယ့် သစ္စာရှိခဲ့တယ်..
နင့်အပေါ်မှာ မြတ်နိုးတန်ဖိုးထားခဲ့တယ်… အသက်ပေးမလောက်ချစ်ခဲ့တယ်…
ဒါပေမယ့် …… ..........
ကိုယ့်နောက်ကွယ်မှာဖောက်ပြန်နေမယ့်မိန်းမတစ်ယောက်အတွက် ဘယ်တော့မှစစ်မဖြစ်ဖူး..
သူတစ်ပါးကို ရန်မရှာဖူး….ခေတ်စကားပြောရင် နင်ရှာထားတဲ့ ဂွင်ကို ငါမဖျက်စီးပါဖူး….
ငါကိုယ်တိုင်ချမှတ် ငါကိုယ်တိုင်လိုက်နာခဲ့တဲ့ စည်းကမ်းတွေကို နင်မချိုးဖောက်ဘဲနေနိုင်တဲ့အခါ
ကိုင်းမြင်တိုင်းနားချင်တဲ့ အပျံသင်စငှက်ငယ်ဘ၀ကို နင်စွန့်လွှတ်နိုင်တဲ့အခါ
ငါ့အချစ်တွေကို နင်သိလာတဲ့အခါ
နင်ချစ်ခဲ့တာ ငါတစ်ယောက်တည်းလို့ သေချာတဲ့အခါ
ငါ့ရင်ခွင်ကိုပြန်လာခဲ့ပါ….. နင့်အတွက်ငါ့ရင်ခွင်က အမြဲတမ်း Welcomeပါ….
လာချင်ရင်တော့အနီးလေး မလာချင်ရင်တော့ ခရီးဝေးပါတယ်....ချစ်သူ
အဆိပ်သင့်သူ
ငါဟာ ဥယျာဉ်မှူးတစ်ယောက်စိတ်ဓါတ်နဲ့ နင့်ကိုချစ်ခဲ့ချိန်ကစတင်ပြီး နင့်အပေါ်မှာ လေးလေးနက်နက် ဂရုစိုက်ခဲ့တယ်.. ပြုစုယုယကြင်နာ စိတ်ချမ်းသာစေခဲ့ပြီး အရာရာမှာ နင့်တစ်မျက်နှာကိုပဲ မြင်ခဲ့တယ်… နင့်ဆီက အချစ်ဆိုတဲ့ ပန်းကလေးမပွင့်မီအချိန်မှာလဲ ငါ့အချစ်တွေလျော့နည်းမသွားပဲ ဇွဲရှိရှိချစ်ခဲ့တယ်… ဒီလိုနဲ့ နင်ငါ့ကိုချစ်တယ်လို့ပြောခဲ့တာကို တန်ဖိုးထားယုံကြည်စွာ မြတ်နိုးစွာသိမ်းဆည်းလို့ ဆထက်တပိုး တိုးပြီးချစ်ခဲ့ပါတယ်… ချစ်သူရေ အခုတော့ နင့်အချစ်တွေက ပန်းတစ်ပွင့်လို့ ဝေဆာဖူးပွင့်ချိန်ကျော်လွန်ပြီး ညှိုးနွမ်းကြွေကျသွားပြီလား.. . ငါလုံးဝမျှော်လင့်မထားခဲ့ပါဖူး… အခုတော့ နင်င့ါကိုချစ်ခဲ့တယ်ဆိုတာ …….. နုတ်ဖျားကမုသားတွေလား………………………… ရင်ထဲကစီးကျလာတဲ့ စစ်မှန်တဲ့ မေတ္တာတရားလား……. ငါစဉ်းစားနေရပြီချစ်သူ…….အခုအချိန်မှာ နင့်ရဲ့မုသားအဆိပ်တွေဟာ ငါ့ကိုချစ်တဲ့စိတ်နဲ့ ကျွေးခဲ့တဲ့ *ဆေးဖက်ဝင်မုသားအဆိပ်* တွေပဲဖြစ်ပါစေလို့ ဆုတောင်းနေမိပါတော့တယ်…..
၂၀.၃.၂၀၁၁ (၇း၃၀)မနက်
တစ်မိုးအောက်ကလူသားများ
တို့တတွေ
မိုးခါးရေလဲသောက်ခဲ့ဖူးတယ်
နှင်းစက်တွေရဲ့ ဒဏ်ကိုလဲခံစားဖူးတယ်
နေရောင်ခြည်ရဲ့ပူလောင်မှုနဲ့လည်းနေပျော်ခဲ့ဖူးတယ်
လရောင်ကွယ်ပျောက်တဲ့အမှောင် ညတွေမှာလဲ
ငြီးငွေ့ခဲ့ဖူးတယ်
တကယ်ဆို ငါတို့တွေအားလုံးအတွက်
သာယာချမ်းမြေ့တဲ့အမိုးအကာတစ်ခုသာရှိခဲ့ရင်
ဒီလောက်ထိဘ၀ပျက်ခဲ့မှာမဟုတ်ဘူး
တစ်မိုးအောက်ကလူသားပေမယ့်
အမိုးပျောက်တဲ့လူသားက ငါပါပဲ
လောကကြီးရယ် အမိုးတစ်ခုလောက်ဖန်ဆင်းပေးပါကွယ်
05.7.2010(3:00am)Ru
*** ဒီကဗျာလေးကို ဘယ်လိုခံစားမိကြမလဲလို့ သိချင်ပါတယ်ဗျာ ... ကျေးဇူးပြုပြီး ထင်မြင်ချက်
Comment လေးတွေချန်ထားပေးပါနော် ***
မျှော်လင့်ခြင်း အလင်းငယ်
မင်းကိုလေ……
ကောင်းကင်မှာလင်းလက်နေတဲ့
ကြယ်လေးတစ်ပွင့်ဖြစ်စေချင်တယ်
ကြယ်ကလေးတွေမကြွေတော့ရင်ပေါ့
မင်းကိုလေ…..
ကမ္ဘာကြီးအတွက်နွေးထွေးမှု အလင်းရောင်ပေးတဲ့
နေမင်းကြီးတစ်စင်းဖြစ်စေချင်တယ်
ညအခါဆိုတာ မရှိတော့ရင်ပေါ့
မင်းကိုလေ….
ကမ္ဘာကြီးကို အေးမြမှု အလင်းရောင်ပေးတဲ့
လမင်းကြီးတစ်စင်းဖြစ်စေချင်တယ်
နေရောင်လာလို့ မင်းပျောက်ကွယ်မသွားရင်ပေါ့
သတ္တလောကမှာ မင်းဟာ
ကြယ်လေးတစ်ပွင့်နေမင်းကြီးတစင်း လမင်းကြီးတစင်း မဖြစ်ပေမယ့်
ငါ့ရင်ထဲမှာတော့ ထာဝရထွန်းလင်းနေတဲ့
ရောင်စဉ်တန်းလေးတစ်ခုပါချစ်သူ
၁း၂၃ မနက်(၃၀.၈.၂၀၁၀)

























