အဝေးကလွမ်းနေမယ်

ငါ့ရဲ့နှလုံးသားက မင်းကို
စူးနစ်စွာ ချစ်ခဲ့တယ်
ငါ့ဦးနှောက်က မင်းကို
တက်မက်စွာ စွဲလမ်းခဲ့တယ်
ငါ့ရဲ့လက်တွေက မင်းကို
နွေးထွေးစွာ ဖက်တွယ်ချင်ခဲ့ဖူးတယ်
ငါ့ရဲ့ခြေထောက်တွေက မင်းရှိရာကို
လျင်မြန်စွာ လျှောက်လာချင်ခဲ့တယ်
ငါ့ရဲ့ နှုတ်ခမ်းတွေက မင်းကို
မနားတမ်းပဲ “ချစ်တယ်” ဆိုတဲ့စကား ပြောခဲ့တယ်
ငါ့ရဲ့ သွေးတွေက မင်းအရိပ်တွေ
ပြည့်ကျပ်စွာ လည်ပတ်လှုပ်ရှားနေခဲ့တယ်
အခုတော့………………မင်းက
ငါ့နှလုံးသားကို မြေမြုပ်
ငါ့ဦးနှောက်ကို ရူးသွပ်စေ
ငါ့ လက်တွေကို ရိုက်ချိုး
ငါ့ခြေလှမ်းတွေကို ဖျက်စီး
ငါ့နှုတ်ခမ်းကို ဆွံ့အ
ငါ့သွေးတွေထဲမှာ အဆိပ်တွေကို စီးဝင်စေခဲ့တယ်
ငါ့မှာ နှုတ်ဆက်စကားပြောဖို့တောင်
ဆွံ့အနေလို့ နှုတ်မဆက်သာ
တိတ်တဆိတ် ကြိတ်ကာ
ဒဏ်ရာတွေကို ကုစားရင်း
အဝေးကပဲလွမ်းနေမယ်

မင်းအတွက်အမြဲ ငါရှိနေမယ်

ငါကဆင်တစ်ကောင်ဆို
မင်းကချွန်းနဲ့ နာကျင်အောင်ဆုံးမ
မင်းလိုသမျှ ခိုင်းစေပါ
ငါကမြွေတစ်ကောင်ဆို
မင်းကပုလွေသံသာတေးနဲ့ နွေးထွေးစွာ
မင်းလိုသမျှခိုင်းစေပါ
ချော့တစ်မျိုး ခြောက်တစ်ခါ
မင်းလိုရာကိုစေခိုင်း
ငါ့အသိုင်းအ၀ိုင်းဆိုတာကိုမေ့
ရှေ့ရေးဆိုတာ ငါ့ဘ၀အတွက်ထက်
မင်းဘက်ကို အမြဲအလေးသာနေမိတယ်.....

Photobucket Photobucket Photobucket